Friday, 28 February 2014

သေမှာမကြောက် ထိုငါးယောက်


  မြတ်ဗုဒ္ဓ ရှင်တော်မြတ်ဘုရားက သေမှာ
မကြောက်သူ ငါးမျိုးရှိကြောင်း ဟောကြားတော်
မူခဲ့သည်။

၁။ ကိုယ် စိတ်နုလုံး သုံးပါးလုံးဖြင့် မကောင်းမှု
မပြုသူသည် သေမှာမကြောက်။
( ၀ိဓူရဇာတကပါဠိ )



၂။ ကောင်းမှုတို့ကို ပြုပြီး၍ ပူဇော်ဖွယ်တို့ကို
ပူဇော်လျက် တမလွန်လောကကို ရှင်းလင်းကာ
တရား၌တည်သောသူသည် သေမှာမကြောက်။
( သုတသောမ ဇာတကပါဠိတော် )

၃။ မိဘနှစ်ပါးကိုကျွေးမွေးပြုစုလျက်၊ တရားသဖြင့်
ရအပ်သော စည်းစိမ်ချမ်းသာဖြင့် အစိုးရကာ တမ
လွန်လောကကိုရှင်းလင်း၍ တရား၌တည်သောသူ
သည် သေမှာမကြောက်။
( သုတသောမဇာတကပါဠိတော် )

၎။ ဆွေမျိုးမိတ်သင်္ဂဟတို့၏ တာဝန်ကို ကျေပွန်၍
တရားသဖြင့် ရအပ်သော စည်းစိမ် ချမ်းသာဖြင့်
တမလွန်လောကကိုရှင်းလင်းလျက် တရား၌တည်
သောသူသည် သေမှာမကြောက်။
( သုတသောမဇာတကပါဠိတော် )

၅။ များစွာကုန်သော အလှူဒါနတို့ကိုပေးလှူလျက်
သမဏ ဗြဟ္မဏတို့ကို ရောင့်ရဲစေကာ တမလွန်
လောကကို ရှင်းလင်းလျက် တရား၌တည် သောသူ
သည် သေမှာမကြောက်။
( သုတသောမဇာတကပါဠိတော် )
စသည်တို့ကားမြတ်ဗုဒ္ဓဟောကြားထားသော သေမှာ
မကြောက် ထိုငါးယောက်ဖြစ်ပါသည်။

မြတ်ဝေ (ရွှေပြည်သာ)
ဓမ္မ၀ီရဂျာနယ် ( အတွဲ ၁၅၊ အမှတ် ၉ )

No comments:

Post a Comment