သို့သော် (အဆိုအမိန့်ကောင်းလေးတွေပါ ဖတ်ကြည့်ပါ)
************************************
၁။ ရက်ရောတော့ ရက်ရောပါ၊ ဗုံးပေါလအော မဖြစ်ပါစေနှင့်။
၂။ ချွေတော့ ချွေတာပါ၊ နှမြောတာနဲ့ မရောပါနှင့်။
၃။ ဘ၀တော့ မြင့်ပါ၊ ဘ၀င် မမြင့်ပါနှင့်။
၎။ ရိုးတော့ ရိုးပါ၊ မအပါနှင့်။
၅။ လည်တော့ လည်ပါ၊ မလှည့်စားပါနှင့်။
၆။ ဈေးတော့ ရောင်းပါ၊ မုသား မ၀ယ်ပါနှင့်။
၇။ လှူတော့ လှူပါ၊ အကူ မမျှော်ပါနှင့်။
၈။ လှူတော့ လှူပါ၊ မဏ္ဍပ်တိုင် မတက်ချင်ပါနှင့်။
၉။ ကဲ့ရဲ့သံကို နားတော့ ထောင်ပါ၊ စိတ်ဓာတ်ကျ မနေပါနှင့်။
၁၀။ ချီးမွှမ်းသံကို နားတော့ ထောင်ပါ၊ သာယာ မိန်းမော မနေပါနှင့်။
၁၁။ ချစ်တော့ ချစ်ပါ၊ မနှစ်ပါနှင့်။
၁၂။ ရဲရင့်မှုတော့ ရှိပါ၊ မိုက်ရှုးရဲ မဖြစ်ပါစေနှင့်။
၁၃။ ပါးစပ်က မေတ္တာတော့ ပို့ချင်ပို့ပါ၊ ကြားကောင်းရုံ မလုပ်ပါနှင့်။
၁၄။ ပါးစပ်က ဘုရား ဘုရား၊ လက်ကတော့ ကားယား ကားယား မလုပ်ပါနှင့်။
၁၅။ ရိုတော့ ရိုသေပါ၊ မဖားပါနှင့်။
၁၆။ သာဓုတော့ ခေါ်ပါ၊ ၀မ်းသာစိတ် မကင်းမဲ့ ပါစေနှင့်။
၁၇။ အမျှတော့ ဝေပါ၊ ရစေလိုတဲ့ စေတနာ မကင်းမဲ့ ပါစေနှင့်။
၁၈။ တရားတော့ ဟောပါ၊ ကန်တော့ပွဲ မမျှော်ပါနှင့်။
၁၉။ ယုံသင့်တာကိုတော့ ယုံပါ၊ အကန်းယုံ မဖြစ်ပါစေနှင့်။
၂၀။ လူသေချင် သေပါစေ၊ နာမည် မသေပါစေနှင့်။
၂၁။ စိတ်တော့ ရှည်ပါ၊ လျှာ မရှည်ပါလေနှင့်။
၂၂။ ရုပ်တော့ ဆိုးချင်ဆိုးပါစေ၊ စိတ် မဆိုးပါစေနှင့်။
၂၃။ တရားရိပ်သာတော့ ၀င်ပါ၊ လူအထင်ကြီးရုံ မလုပ်ပါနှင့်။
၂၄။ တော်တော့ တော်ပါ၊ တော်မှန်း မသိစေချင်ပါနှင့်။
၂၅။ လူတွေ ကဲ့ရဲချင် ကဲ့ရဲ့ကြပါစေ၊ ဘုရားအကဲ့ရဲ့ မခံရပါစေနှင့်။
၂၆။ သူများတွေ မကြည်ညိုချင် နေပါစေ၊ ကိုယ့်ကိုယ်ကို ကိုယ်အကြည်ညို မမဲ့ပါစေနှင့်။
၂၇။ တော်တော့ တော်ပါ၊ မမော်ပါနှင့်။
၂၈။ မသေခင် ချစ်ပါ၊ သေမှ အလွမ်းမသည်းပါနှင့်။
၂၉။ သနားတော့ သနားပါ၊ အရမ်း မသနားပါနှင့်။
၃၀။ အသက်တော့ ရှုပါ၊ သူများနှာခေါင်းနှင့် မရှုပါနှင့်။
၃၁။ သီးချိန်တန်တော့ သီးပါ၊ အဆိပ်သီး မဖြစ်ပါစေနှင့်။
၃၂။ ပွင့်ချိန်တန်တော့ ပွင့်ပါ၊ အဆိပ်ပန်း မဖြစ်ပါစေနှင့်။
၃၃။ အိမ်ထောင်ပြုချင် ပြုပါ၊ ဘာသာခြား မဖြစ်ပါစေနှင့်။
၃၄။ ဈေးတော့ဝယ်ပါ၊ ဘာသာခြားဆိုင် မဖြစ်ပါစေနှင့်။
၃၅။ ပန်းတိုင်ဆီကိုတော့ ချီတက်ပါ၊ လာလမ်းကို မမေ့ပါနှင့်။
၃၆။ တရားစာတွေ ရွတ်ချင်ရွတ်ပါ၊ အညံ့စိတ် အနိမ့်စိတ်နဲ့ မရွတ်ပါနှင့်။
၃၇။ အလှူတော့ ပေးပါ၊ ကြွေးမတင်ပါစေနှင့်။
၃၈။ ဘုန်းကြီးသေချင် သေပါစေ၊ ရွာ မကြေပါစေနှင့်။
၃၉။ ကုသိုလ်တော့ လုပ်ပါ၊ ငရဲ မပါပါစေနှင့်။
၄၀။ ချိုတော့ ချိုပါ၊ မချွဲပါနှင့်။
၄၁။ ၀န်တော့ ထမ်းပါ၊ နွား မဖြစ်ပါစေနှင့်။
၄၂။ ရဲတော့ ရဲပါ၊ မရမ်းပါနှင့်။
၄၃။ အလုပ်တော့ ကြီးကျယ်ပါ၊ အပြော မကြီးကျယ်ပါစေနှင့်။
၄၄။ ကြမ်းတော့ ကျွံချင် ကျွံပါ၊ စကား မကျွံပါစေနှင့်။
၄၅။ စကားတော့ တတ်ပါ၊ မကပ်ပါနှင့်။
၄၆။ နပ်တော့ နပ်ပါ၊ မနှပ်ပါနှင့်။
၄၇။ စကားတော့ ဆိုပါ၊ သပ်မလျှိုပါနှင့်။
၄၈။ မျက်စိအမြင်တော့ ရှိပါ၊ တစ်ဘ၀စာသာ မဖြစ်ပါစေနှင့်။
၄၉။ သားတော့ မွေးပါ၊ ကျား မဖြစ်ပါစေနှင့်။
၅၀။ သမီးတော့ မွေးပါ၊ မီး မဖြစ်ပါစေနှင့်။
၅၁။ အသိတော့ ဆန်းပါ၊ အနေ မဆန်းပါနှင့်။
၅၂။ လူပေါင်းတော့ ဆန့်ပါ၊ အပေါင်း မဆန်းပါနှင့်။
၅၃။ ကုသိုလ်တွေကို ပေါင်းသာ ပေါင်းပါ၊ မနှုတ်ပါနှင့်။
၅၄။ ကုသိုလ်တွေကို မြှောက်သာ မြှောက်ပါ၊ စား မပစ်ပါနှင့်။
၅၅။ ဓနကြွေချင် ကြွေပါစေ၊ သီလ မကြွေပါစေနှင့်။
၅၆။ ဘ၀ယိုင်ချင်ယိုင်ပါစေ၊ သီလ မယိုင်ပါစေနှင့်။
၅၇။ ဘ၀နိမ့်ချင် နိမ့်ပါစေ၊ စိတ်ထား မနိမ့်ပါစေနှင့်။
၅၈။ ငါ့သားလို့ ပြောချင်ပြောပါ၊ ကွယ်ရာမှာ မယားက မရယ်ပါစေနှင့်။
၅၉။ အသက်တော့ ကြီးပါ၊ အသိ မငယ်ပါစေနှင့်။
၆၀။ ပစ္စည်းတော့ ချမ်းသာပါစေ၊ စိတ် မဆင်းရဲပါစေနှင်။
၆၁။ မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်။
၆၂။ ရောင့်တော့ ရောင့်ရဲပါ၊ မရော့ရဲပါနှင့်။
၆၃။ ပစ္စည်းတော့ ချမ်းသာပါစေ၊ ပစ္စည်းက ကိုယ့်ကို မသတ်ပါစေနှင့်။
၆၄။ အောင်မြင်တော့ အောင်မြင်ပါစေ၊ အောင်မြင်မှုက ကိုယ့်ကို မသတ်ပါစေနှင့်။
၆၅။ စီပွါးတော့ ရှာပါ၊ အပါယ်စာ မဖြစ်ပါစေနှင့်။
၆၆။ အနေဝေးချင် ဝေးပါစေ၊ မေတ္တာ မဝေးပါစေနှင့်။
၆၇။ ပညာတော့ တတ်ပါ၊ မကောက်ကျစ်ပါနှင့်။
၆၈။ ၀မ်းသာချင် သာပါ၊ ၀မ်းမသာလွန်းပါနှင့်။
၆၉။ ၀မ်းနည်းချင် နည်းပါ၊ ၀မ်းမနည်းလွန်းပါစေနှင့်။
၇၀။ ရယ်တော့ ရယ်ပါ၊ မကျယ်ပါနှင့်။
၇၁။ သန်းတော့ သန်းပါ၊ မကျယ်ပါနှင့်။
၇၂။ ချေတော့ ချေပါ၊ မကျယ်ပါနှင့်။
၇၃။ ကြမ်းတော့ နင်းပါ၊ မပြင်းပါနှင့်။
၇၄။ အားတော့ ရှိပါ၊ အနိုင် မကျင့်ပါနှင့်။
၇၅။ နားတော့ ထောင်ပါ၊ ကြားတိုင်း မယုံပါနှင့်။
၇၆။ ကြည့်တော့ ကြည့်ပါ၊ မြင်တိုင်း မပြောပါနှင့်။
၇၇။ လေ့တော့ လေ့လာပါ၊ သိတိုင်း မပြောပါနှင့်။
၇၈။ ကျွေးလွန်းရင်တော့ စားပါ၊ ကျွေးတိုင်း မစားပါနှင့်။
၇၉။ ပေးလွန်းရင်တော့ ယူပါ၊ ပေးတိုင်း မယူပါနှင့်။
၈၀။ ခေါ်လွန်းရင်တော့ သွားပါ၊ ခေါ်တိုင်း မသွားပါနှင့်။
၈၁။ အသက်တော့ ရှည်အောင် လုပ်ပါ၊ သေရဖို့ မမေ့ပါနှင့်။
၈၂။ သစ်ပင်ရိပ်တော့ ခိုပါ၊ အခက်ကို မချိုးပါနှင့်။
၈၃။ သားရေပေါ်တော့ အိပ်ပါ၊ သားရေနားတော့ မစားပါနှင့်။
၈၄။ ကိုယ်ကတော့ သည်းခံပါ၊ သူတစ်ပါးက ကိုယ့်ကို သည်းမခံရပါစေနှင့်။
၈၅။ ၀တ်တော့ ၀တ်ဆင်ပါ၊ မကလက်ပါစေနှင့်။
၈၆။ အပြင်မှာ ပူချင်ပူပါစေ၊ ရင်မှာ မပူပါစေနှင့်။
၈၇။ ဘုရားကိုတော့ ပန်းတင်ပါ၊ ကြွက်သိုက် မဖြစ်ပါစေနှင့်။
၈၈။ ဘုရားကိုတော့ မီးပူဇော်ပါ၊ နေ့အခါ မဖြစ်ပါစေနှင့်။
၈၉။ ဘုရားနဲ့တော့ နီးပါ၊ ခြင်္သေ့လို မဖြစ်ပါစေနှင့်။
၉၀။ မုဆိုး တံငါနှင့် နီးချင် နီးပါစေ၊ မုဆိုး တံငါ မဖြစ်ပါစေနှင့်။
၉၁။ ခြေင်္သေ့လို လုပ်ပါ၊ ခွေးလို မလုပ်ပါနှင့်။
၉၂။ ခဲပစ်သူနောက် လိုက်ပါ၊ ခဲနောက် မလိုက်ပါနှင့်။
၉၃။ အကြောင်းနောက် လိုက်ပါ၊ အကျိုးနောက် မလိုက်ပါနှင့်။
၉၄။ ဥာဏ်တော့ ကြီးပါ၊ အကြင်နာ မနည်းပါစေနှင့်။
၉၅။ ငဲ့တော့ ငဲ့ပါ၊ မစောင်းပါစေနှင့်။
၉၆။ အရိပ်တော့ ခိုပါ၊ လောင်းရိပ် မဖြစ်ပါစေနှင့်။
၉၇။ အရိပ်တော့ ပေးပါ၊ လောင်းရိပ် မဖြစ်ပါစေနှင့်။
၉၈။ အဆိုးတော့ ဆုံးပါ၊ အကောင်း မဆုံးပါစေနှင့်။
၉၉။ မိဘကို မသေခင် သည်းပါ၊ သေမှ အသည်းမပိုပါနှင့်။
၁၀၀။ ကိုယ်က ကိလေသာကို သတ်ပါ၊ ကိလေသာက ကိုယ့်ကို မသတ်ပါစေနှင့်။
မှတ်ချက်။ ။ဗုဒ္ဓကမ္ဘာဆိုဒ်တွင် အရှင်ဇဋိလ ရေးသားတင်ပြခဲ့တဲ့ ပိုစ့်လေးအား တစ်ဆင့်မျှဝေခြင်းသာဖြစ်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ( နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment