အမျိုးစောင့်ဥပဒေဆိုင်ရာ ဟောပြောပွဲနှင့် လူထုဆန္ဒထုတ်ဖော်ပွဲသို့ အရှင်ဝီရသူ ပေးပို့သော သဝဏ်လွှာ”
ရက်စွဲ။ ။ ၁၃၇၅ခု၊ တပိုတွဲလပြည့်ကျော်(၉)ရက်(23.2.2014)
နေပြည်တော်ကောင်စီနယ်မြေ၊
ဥပ္ပါတသန္တိဘုရား၌ ကျင်းပသော အမျိုးစောင့်ဥပဒေဆိုင်ရာ ဟောပြောပွဲနှင့်
လူထုဆန္ဒထုတ်ဖော်ပွဲသို့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊
ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော
အမျိုးစောင့်ဥပဒေ သဝဏ်လွှာ။
အမျိုးစောင့်ဥပဒေဆိုသည်မှာ လူမျိုးမပျောက်၊
ဘာသာမပျောက်၊ သာသနာမပျောက်၊ နိုင်ငံမပျောက်အောင် ကာကွယ်စောင့်ရှောက်ထားသော
ဥပဒေတစ်ခုဖြစ်ပါသည်။
အမျိုးစောင့်ဥပဒေ မရှိခဲ့သောကြောင့်
မြန်မာတိုင်းရင်းသူများ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုမရှိခဲ့ပါ။
မြန်မာတိုင်းရင်းသူများနှင့်အတူ ၄င်းတို့ကိုးကွယ်ရာဘာသာ သာသနာတော်ပါ
အဖျက်ဆီးခံခဲ့ရပါသည်။
လူမျိုးမရှိဘဲ နိုင်ငံတစ်ခု ရပ်တည်၍မရပါ။
လူမျိုးမရှိဘဲ သာသနာတော်တစ်ခု ရပ်တည်၍မရပါ။
လူမျိုးပျောက်လျှင် ဘာသာ သာသနာရော နိုင်ငံတော်ကြီးတစ်ခုလုံးပါ ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။
ယခင်က အန္ဒိယနိုင်ငံ၊ ဟိန္ဒူလူမျိုး၊ ဗုဒ္ဓဘာသာ နယ်မြေကြီးတစ်ခုလုံးသည် ယခု
ပါကစ္စတန်နိုင်ငံ၊ မူဆလင်ကုလားလူမျိုး၊ အစ္စလာမ်ဘာသာ ဖြစ်သွားခဲ့ပါပြီ။
ယခင်က ဟိန္ဒူလူမျိုး၊ ဗုဒ္ဓဘာသာ၊ အိန္ဒိယနိုင်ငံပိုင် ဒေသကြီးတစ်ခုသည် ယခု
ဘင်္ဂလီလူမျိုး၊ အစ္စလာမ်ဘာသာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးဖြစ်သွားခဲ့ပါပြီ။
ယနေ့ မျက်မှောက် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ရခိုင်ပြည်ဒေသအချို့သည်လည်း
လူမျိုးပျောက်လုနီး၊ သာသနာကွယ်လုနီး၊ နိုင်ငံတစ်ခုဆုံးရှုံးလုနီး
အန္တရာယ်နှင့် ရင်ဆိုင်နေရပါပြီ။
လူဦးရေ များလာလျှင် အင်အားသုံး၍
အကြမ်းဖက်သာသနာပြုလေ့ရှိသော လူမျိုးနွယ်တစ်စု၏ အန္တရာယ်ကို ကာကွယ်၍
ပြည်သူလူထု ဆွေးစဉ်မျိုးဆက် အသက်အိုးအိမ်စည်းစိမ် အန္တရာယ်ကို
ကာကွယ်ပေးနိုင်သော အရာမှာ အမျိုးစောင့်ဥပဒေပင်ဖြစ်ပါသည်။
လူသားတိုင်းသည် မိမိလူမျိုး မပျောက်ပျက်အောင် ကာကွယ်စောင့်ရှောက်ရမည့်တာဝန် ရှိပါသည်။
လူသားတိုင်းသည် မိမိတို့ ကိုးကွယ်အားထားရာ ဘာသာ သာသနာ မကွယ်ပရအောင် ကာကွယ်စောင့်ရှောက် ရမည့်တာဝန်ရှိပါသည်။
လူသားတိုင်းသည် မိမိမွေးဖွားရာ အမိနိုင်ငံတော် မဆုံးရှုံးရအောင် ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိပါသည်။
အမျိုးစောင့်ဥပဒေသည် အမျိုး ဘာသာ သာသနာနှင့် နိုင်ငံကိုပါ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြစ်ပါသည်။
အမိမြေကို ချစ်မြတ်နိုးသော
အမိ ဘာသာ သာသနာကို ချစ်မြတ်နိုးသော
တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးကို ချစ်မြတ်နိုးသော၊
လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊
အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အခြားမည်သူမဆို ပြည်သူလူထုကြီးနည်းတူ
အမျိုးသား လုံခြုံရေး ဥပဒေဟု ခေါ်ဆိုထိုက်သည့် အမျိုးစောင့်ဥပဒေကို အပြည့်အဝ
ထောက်ခံကြလိမ့်မည်ဟု ယုံကြည်မိပါသည်။
ရဟန်းရှင်လူပြည်သူအပေါင်း=မိစ္ဆာဘေးမှ ကင်းဝေးကြပါစေ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
23.2.2014 (01:45)
No comments:
Post a Comment