Friday, 28 February 2014

= မြန်မာနိုင်ငံ သန်းခေါင်စာရင်းဆိုင်ရာ အငြင်းပွားမှုများ = = = (ဘာသာပြန် - ၁)


 KMS 27 FEB 2014
လူမျိုးနွယ်နှင့် လူမျိုးစု အမှတ်လက္ခဏာဆိုင်ရာ ပြဿနာများ ပါဝင်နေခြင်းသည် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှု ဆီသို့ ဦးတည်သွားနိုင်သည်။
(မောင်ပလာတီနို)
ဖေဖော်ဝါရီလ (၂၆)၊ (၂၀၁၄)
Myanmar’s Census Controversy
The inclusion of ethic and tribal identification questions could lead to discrimination and violence.

By Mong Palatino
February 26, 2014



မြန်မာနိုင်ငံသည် နောက်လတွင် သန်းခေါင်စာရင်း ကောက်ယူရန် အစီအစဉ်ဆွဲထားရာ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်ရေး အုပ်စုများက ၎င်းကိစ္စသည် နိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများကို နိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သည်ဟု စိုးရိမ်လျှက် ရှိသည်။
Myanmar is scheduled to hold a census next month but local and international monitoring groups are worried that it could inflame ethnic and religious tensions in the country.
တစ်နိုင်ငံလုံး အနှံ့ သန်းခေါင်စာရင်း ကောက်ခံခဲ့သည်မှာ နှစ်ပေါင်း (၃၀)ကျော်ပြီ ဖြစ်၍ ကုလသမဂ္ဂ အေဂျင်စီ အများအပြားက အထောက်အပံ့ပြုထားသော ဤသန်းခေါင်စာရင်း ကောက်ခံမှုသည် အရေးပါလှသည်ဟု မှတ်ယူထားကြသည်။ သန်းခေါင်စာရင်းမှနေ၍ မြန်မာနိုင်ငံ၏ လူမှုရေးဆိုင်ရာ ဖွဲ့စည်းမှုကို အချက်အလက်များ အပေါ်မူတည်၍ သိမြင်ဆုံးဖြတ်နိုင်စေမည် ဖြစ်ကာ မူဝါဒရေးဆွဲသူများနှင့် ရင်းနှီးမြှုပ်နှံမှုပြုလာဖွယ် ရှိသူများအတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များအတွက် စီမံကိန်းရေးဆွဲရာတွင် အသုံးဝင်စေလိမ့်မည် ဖြစ်သည်။
The census, supported by several UN agencies, is deemed important because it has been more than 30 years since a nationwide census was conducted. Through the census, Myanmar’s demographic profile can be objectively determined, which would prove useful for policymakers and potential investors in planning for Myanmar’s development needs.
သို့သော် လူမျိုးနွယ်နှင့် လူမျိုးစု အမှတ်လက္ခဏာအပေါ် သန်းခေါင်စာရင်းပြဿနာသည် နိုင်ငံအတွင်း ပဋိပက္ခများကို ပိုဖြစ်စေအောင် ခြိမ်းခြောက်လျှက်ရှိသည်။ သန်းခေါင်စာရင်းအတွက် ဖြည့်သွင်းရမည့် ပုံစံတွင် အစိုးရက သတ်မှတ်ထားသော လူမျိုးနွယ် အုပ်စု (၁၃၅)မျိုးအနက်မှ နိုင်ငံသားတို့က ရွေးချယ်ရမည် ဖြစ်သည်။ အချို့ ပညာရှင်တို့၏ အဆိုအရ ဤစာရင်းသည် ကာလကြာရှည်ကပင် ပြုပြင်မွမ်းမံခဲ့သင့်သည့် ကိုလိုနီခေတ် အမွေတစ်ခု ဖြစ်သည်။ လူမျိုးနွယ်အုပ်စု အများအပြားက အခြားသော လူနည်းစုများနှင့် အတူ မိမိတို့အား ထည့်သွင်းထားခြင်းအပေါ် စောဒကတက်ကြပြီး အခြားသူများကမူ သူတို့ကို စာရင်းပြုစုရာမှ ဖြုတ်ချထားခဲ့သည်ဟု ဆိုကြသည်။
But the census question on ethnic or tribal identification threatens to ignite more conflicts in the country. The census form requires citizens to choose from the 135 ethnic groups identified by the government. This listing, according to some scholars, is a colonial legacy that should have been revamped a long time ago. Several ethnic groups have complained about being lumped with other minorities while others claimed they were dropped from the listing.
ဥပမာအားဖြင့် - ပလောင်(တအန်း) လူမျိုးစုက ရှမ်းလူမျိုး အဖွဲ့ဝင်တစ်ခုအဖြစ် သူတို့ ပါဝင်နေခြင်းအား မေးခွန်းထုတ်သည်။
For example, the Palaung (Ta’aung) tribe questioned their inclusion as a member of the Shan race.
ပလောင် အသိုက်အ၀န်းက ထုတ်ပြန်သော တရားဝင် ကြေညာချက်တစ်ရပ်အရ - “ကျွန်တော်တို့ တအောင်းတွေဟာ ဒီမြေမှာ ရှမ်းတွေ အရင် အခြေချခဲ့ပါတယ်။ - - - ကျွန်တော်တို့ဟာ အခြား လူမျိုးတွေနဲ့ အတူတူ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ တောင်ပေါ်ဒေသမှာ နေထိုင်ပြီးတော့ သီးခြား ယဉ်ကျေးမှုနဲ့ ဘာသာစကား ရှိပါတယ်။”
“We, Ta’aung, settled down in this land before the Shan…We are not the same with other races. We live in mountainous area and have a different culture and language,” according to an official statement issued by the Palaung community.
မြန်မာနိုင်ငံတွင် လူအများစုက ဗမာဟု ခံယူကြသည်။ လူဦးရေ၏ (၄၀)ရာခိုင်နှုန်းကို လူနည်းစု လူမျိုးနွယ် တစ်ခုခုဝင်များဟု ယူဆရကာ - ရှမ်းတို့သည် အကြီးဆုံးသော လူနည်းစု အုပ်စုအဖြစ် ပါဝင်ဖွဲ့စည်းထားသည်။ အခြားသော အဓိက အုပ်စုများတွင် ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ မွန်နှင့် ရခိုင်တို့ ပါဝင်သည်။
In Myanmar, most people identify as Burmans. An estimated 40 percent of the population is considered an ethnic minority, with the Shan composing the biggest minority group. The other major groups include the Karen, Karreni, Kachin, Chin, Mon and Arakan.
နားလည်မှုလွဲမှားခြင်းကို ရှောင်ရှားနိုင်ရန် - အစိုးရက လူမျိုးနွယ် အသိုက်အ၀န်းများနှင့် “ဒီမိုကရေစီနည်းကျ ညှိနှိုင်းတိုင်ပင်ခြင်း”အပေါ် အခြေပြု၍ စာရင်းပြုစုထားခြင်းကို ပြန်လည် သတ်မှတ်ရန် အဆိုပြုထားသည်။ အစိုးရက ဤသို့ ပြုလာသောအခါ အချို့သော အုပ်စုများက သန်းခေါင်စာရင်းကောက်ယူမှုကို နောက်လသို့ ဆိုင်းထားရန် လိုလားကြသည်။ အစိုးရတပ်များနှင့် လက်နက်ကိုင် သူပုန်များအကြား အပစ်အခတ်ရပ်စဲရေးကို အပြီးသတ် ညှိနှိုင်း၍ မပြီးသေးသော ဝေးလံခေါင်သီသည့် ဒေသ အချို့တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်အတွက်လည်း ရွှေ့ဆိုင်းမှု လိုအပ်သည်။
To avoid misunderstanding, the government is urged to reclassify the listing based on a “democratic consultation” with ethnic communities. And while the government is doing this, some groups wanted the census delayed for another month. The postponement is also necessary to pursue the peace process in some remote areas where a ceasefire has not yet been finalized between government troops and armed rebels.
အကယ်၍ သန်းခေါင်စာရင်းကောက်ခံမှုက နိုင်ငံ၏ လူမျိုးနွယ်အုပ်စုများ ဆိုင်ရာ အစိုးရ၏ စာရင်းပြုစု ထားခြင်းကို ယူသုံခဲ့လျှင် နိုင်ငံရေးအရ ကိုယ်စားပြုမှုကို သူတို့ ဆုံးရှုံးသွားနိုင်သည့်အတွက် လူမျိုးနွယ် အုပ်စုများ၏ စိတ်ပူပန်မှုမှာ နားလည်နိုင်လောက်သည်။ ဒေသဆိုင်ရာ လွှတ်တော်များတွင် လူမျိုးနွယ် ၀န်ကြီး နေရာများကို ထိုဒေသရှိ လူဦးရေ၏ (၀.၀၁)ရာခိုင်နှုန်းထက်ပိုသော လူမျိုးနွယ်အုပ်စုများအား အလိုအလျောက် ပေးထားသည်။ အစိုးရသည် အချို့သော လူမျိုးစုများအား ကိုယ်စားပြုမှုကို ငြင်းပယ်နိုင်ရန်အတွက် လူမျိုးနွယ် အုပ်စုခွဲ အရေအတွက်ကို တမင်တကာ ချဲ့ထွင်ထားသည်ဟု စွပ်စွဲခံနေရသည်။
The concern of ethnic groups is understandable because they might lose political representation if the census adopts the government listing of the country’s ethnic groups. Ethnic minister positions in local parliaments are automatically given to ethnic groups with more than 0.01 percent of the population in the area. The government is accused of deliberately bloating the number of ethnic subgroups to deny representation to some tribes.
[သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားချက်မှာ ဤဆောင်းပါးရှင်၏ ဖော်ပြချက်အတိုင်း မဟုတ်ပေ - ၂၀၀၈ ဖွဲ့စည်းပုံတွင် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာအတွက် -
- တိုင်းဒေသကြီးများ/ပြည်နယ်များတွင် တိုင်းဒေသကြီးများ/ထိုပြည်နယ်ရရှိပြီးသော သို့မဟုတ် တိုင်းဒေသကြီးများ/ထိုပြည်နယ် အတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒသမ တစ်ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးချယ်တင်မြှောက်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ထိုတိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးပါသည်။ “နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒသမ တစ်ရာခိုင်နှုန်းနှင့် အထက်”ဖြစ်ပါသည်။ “ထိုဒေသရှိ လူဦးရေ၏ (၀.၀၁)ရာခိုင်နှုန်းထက်ပိုသော” မဟုတ်ပါ။ (ဘာသာပြန်သူ)]

No comments:

Post a Comment