= = KMS 26 FEB 2013
ရခိုင်ပြည်နယ်နဲ့ အခြား ပြည်နယ်တိုင်း အသီးသီးမှာ ဘင်္ဂလီတွေ ဒီလောက် အများကြီး ရှိနေတယ် ဆိုတာဟာ သာမန်ကိစ္စတော့ မဟုတ်ပါဘူး - သာမန်ကိစ္စ မဟုတ်တာကို သာမန်ကိစ္စသဖွယ် သဘောထားလို့လည်း မရပါဘူး -
= အန္တရာယ် =
ဘင်္ဂလီကိစ္စမှာ အန္တရာယ်ဟာ သုံးပိုင်းရှိတယ်လို့ ထင်ပါတယ် -
(၁) ရခိုင်ပြည်နယ်မှ အပ ဖြစ်တဲ့ အခြားပြည်နယ်တိုင်းများမှာ ရှိတဲ့ ဘင်္ဂလီတွေဟာ ဘင်္ဂလီအမည်ကို မခံယူဘဲ မြန်မာမူစလင် သို့မဟုတ် အချို့ဒေသမှာ ရခိုင်လူမျိုး၊ ကမန်လူမျိုး စသည်ဖြင့် နာမည်ခံယူကာ ရောနှောနေကြပြီးတော့ အခြေချခြင်းနဲ့ နိုင်ငံသားအဖြစ် ရယူခြင်း ပြုနိုင်တယ် - နောက်ဆက်တွဲအဖြစ် နောက်ထပ် ဘင်္ဂလီတွေကို သူတို့ ရွှေ့ပြောင်းလာတဲ့ လမ်းကြောင်းအတိုင်း ထပ်ခေါ်သွင်းနိုင်တယ် - အခုဆိုရင် ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာတောင် နာမည် အမျိုးမျိုး ခံပြီးတော့ ဘင်္ဂလီတွေ ရောက်နေပါတယ် - တရုတ်နယ်စပ်မှာလည်း အများကြီးပဲလို့ ဆိုပါတယ် -
(၂) ရခိုင်ပြည်နယ်အတွင်းမှာ နည်းအမျိုးမျိုးနဲ့ ခိုးဝင် ဖြန့်ကြက်နေကြတယ် - နယ်စပ်နဲ့ ဝေးရာမှာ ရောက်နေတဲ့ အတွက် ခိုးဝင်လာတယ်လို့ ပြောဖို့ မလွယ်တဲ့ အနေအထားကို ဖန်တီးနေကြတယ် - ကမန်၊ မြေဒူးများနဲ့လည်း ရောနှောနေတာလည်း ရှိတယ် - ရခိုင်ဘုရင်ခေတ်ကတည်းက ရှိနေတာလိုလို၊ အင်္ဂလိပ် လက်ထက်ကတည်းက ရှိနေတာလိုလို လုပ်ပြီး ရောနှောနေကြတယ် - နောက်ထပ် ခိုးဝင်လာတဲ့ လူတွေ၊ နယ်စပ်က လူတွေကို သူတို့ ရွှေ့ပြောင်းလာတဲ့ လမ်းကြောင်းအတိုင်း ထပ်ခေါ်သွင်းနိုင်တယ် - အကယ်၍ တစ်နည်းနည်းနဲု့သာ အသိအမှတ်ပြုဖို့ ဖြစ်လာရင် နယ်စပ်က လူတွေထက် သူတို့က အခွင့်သာတဲ့အတွက် အဲဒီဦးရေတိုးပွားအောင် အာရုံစိုက်တဲ့ သဘောရှိတယ် - နယ်စပ်နဲ့ ဝေးရာမှာ သူတို့တွေ နေထိုင်နေတာ ကြာပြီလို့ ကမ္ဘာကို ပြနိုင်အောင်လည်း ပြဿနာတွေ မကြာမကြာ ဖန်တီးတတ်တယ် -
(၃) နယ်စပ်က လူတွေ - ဒီလူတွေမှာ ရွာတွေရှိတယ် - ရွာနာမည်တွေက ရခိုင်နာမည်နဲ့ချည်းပဲ - (၁၉၄၂)ခုနှစ်က သိမ်းပိုက်လိုက်တဲ့ရွာတွေ ဖြစ်လိမ့်မယ် - (၁၉၄၂) မတိုင်ခင်တုန်းက ဒီလိုလူတွေ မရှိနိုင်ဘူးလား ဆိုတော့ လယ်ကူလီ အဖြစ်နဲ့ ရှိနိုင်တယ် - ရခိုင်ရွာတွေ အနားက လယ်ကွင်းတွေမှာ အလုပ်လုပ်ရင်း ယာယီနေ၊ ရာသီချိန်ကုန်ရင် ပြန်၊ (၁၉၄၂)မှာ ဖြစ်လာတဲ့ ကိစ္စက အိန္ဒိယနိုင်ငံကို ခွဲခြမ်းပြီး မူစလင် နိုင်ငံထူထောင်ရေး စီမံကိန်းရဲ့ အဆွယ်အပွား ကိစ္စဖြစ်ပါတယ် - အင်္ဂလိပ်ရဲ့ စနက်လို့လည်း ပြောနိုင်တယ် - အိန္ဒိယမူစလင်တွေရဲ့ အားထုတ်မှုလို့လည်း ပြောနိုင်တယ် - ဘာပြောပြော ဒီနယ်မြေတွေကို သူတို့ သိမ်းထားလိုက်ကြတယ် - မောင်တော၊ ဘူးသီးတောင် မြို့နယ်တွေမှာ ဖြစ်ပါတယ် - ရသေ့တောင် မြို့နယ်နဲ့ ကျောက်တော်မြို့ထဲကို လည်း စိမ့်ဝင် ထိုးဖောက်နေတာ ရှိတယ် - သူတို့သိမ်းယူထားတဲ့ နယ်မြေတွေက ရွာအမည်တွေကို တရားဝင်အားဖြင့် ဖျောက်ပစ်လို့ မရတာကြောင့် ကျန်နေပေမယ့် ဗုဒ္ဓဘာသာ အငွေ့အသက်အားလုံးကို အစတုံးပစ်လိုက်ကြပြီး ဖြစ်ကာ တကယ့် မူစလင် တိုင်းပြည် အသွင် ဖန်တီးထားတယ်လို့ ဆိုပါတယ် - ဘယ်သူလာကြည့်ကြည့် ကုလားပြည်ပဲ - ဒီနယ်မြေကို သူတို့ အပိုင်လိုချင်တယ် - လိုချင်ပုံက အမျိုးမျိုးရှိမယ် - ဘင်္ဂလားဒေ့ရှ်နဲ့ ပေါင်းချင်တာက တစ်ပိုင်းရှိမယ် - သီးခြားနိုင်ငံ ထူထောင်ချင်တာက တစ်ပိုင်းရှိမယ် - မြန်မာနိုင်ငံထဲမှာ မူစလင်ပြည်နယ် အဖြစ် ပေါ်ပေါက်စေချင်တာက တစ်ပိုင်းရှိမယ် - ရခိုင်ပြည်နယ်ထဲမှာတင် မူစလင်ခရိုင် အဖြစ် ပေါ်ပေါက်စေချင်တာက တစ်ပိုင်းရှိမယ် - မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်အဆင့်မှာ လူပုဂ္ဂိုလ်အားဖြင့်သော်လည်းကောင
No comments:
Post a Comment