Monday, 24 February 2014

ဓမ္မပန်းခင်း

သာဝတ္ထိပြည်မှာ ရှင်သာရိပုတ္တရာနဲ့  ရှင်မဟာကောဋ္ဌိကတို့ နှစ်ပါးဆုံတဲ့အခါ ရှင်မဟာကောဋ္ဌိကက မေးခွန်းတွေ မေးလေ့ရှိတယ်..။
ပထမမေးခွန်းက
မြတ်စွာဘုရားထံ မြတ်သောအကျင့်ကိုလိုက်နာကျင့်သုံးပြီးနေထိ
ုင်တာဟာ ဘာအတွက်လဲ....၊ ကံတရားတွေကို အပြောင်းအလဲ လုပ်ဖို့  ဘာသာတရားကိုကျင့်သုံးရတာလား(ဗြဟ္မာစရယဆိုတဲ့ မြတ်သောအကျင့်ကိုကျင့်တာလား)တဲ့....။
(၁)ကိုယ်လုပ်တဲ့ အလုပ်တွေဟာ ဒီဘ၀မှာတင် အကျိုးခံစားရတာရှိတယ်...၊ ဒါမှမဟုတ် နောင်ဘ၀ကျမှ အကျိုးခံစားရတဲ့ကံဆိုတာရှိတယ်...။ အဲဒီကံနှစ်မျိုးကို အပြောင်းအလဲလုပ်ချင်လို့ လားတဲ့.....။
(၂)ဆင်းရဲတဲ့ အကျိုးပေးတဲ့ကံကို ချမ်းသာတဲ့ အကျိုးပေးတဲ့ကံအဖြစ်...ပြောင်းဖို့ လုပ်တာလားတဲ့...။
(၃)ရင့်ကျက်ပြီးလို့  အကျိုးပေးတော့မယ့် ကံတရားနဲ့  မရင့်ကျက်သေးလို့  အကျိုးမပေးသေးတဲ့ ကံတရား အဲဒီနှစ်ခုကို အပြောင်းအလဲလုပ်ဖို့ လား..တဲ့။
(၄) အကျိုးနည်းနည်းလေးပဲ ခံစားစေတဲ့ကံတရားကို အကျိုးများများခံစားစေတဲ့ ကံတရားအဖြစ် ပြောင်းလဲဖို့ လားတဲ့...။
(၅) အကျိုးပေးမယ့်ကံနဲ့  အကျိုးမပေးမယ့်ကံ ကိုပြောင်းလဲဖို့ အတွက်လားတဲ့..။
အဲဒီမေးခွန်းတွေကို အပြန်အလှန်မေးလိုက်တော့ မေးခွန်း(၁၀)မျိုးဖြစ်သွားပါတယ်..။
လုပ်လို့ ဖြစ်ပြီးသားအကုသိုလ်ကံ ..ကုသိုလ်ကံကို ပြောင်းလို့ မရပါဘူး....။ ဒါ့ကြောင့် ရှင်သာရိပုတ္တရာရဲ့ အဖြေက မေးခွန်းအားလုံးအတွက် ...မဟုတ်ဘူး....လို့ ပါပဲ...။ဒီတော့ ထပ်မေးပါတယ်..။
ဒါဖြင့် ဘာသာတရားကိုလိုက်နာကျင့်သုံးတာ ဘာအတွက်လဲတဲ့....။
ဖြေဆိုချက်က...........သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့ ....ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ ....ဘယ်တုန်းကမှ ကိုယ့်နှလုံးသားထဲကို ရောက်မလာဖူးတဲ့ ...ဘယ်တုန်းကမှ ကိုယ့်အသိစိတ်ထဲမှာ ပေါ်မလာဖူးတဲ့ အကြောင်းအရာတစ်ခုကိုသိဖို့  မြင်ဖို့  ရောက်ရှိလာဖို့  မျက်မှောက်ပြုနိုင်ဖို့  ထိုးထွင်းသိနိုင်ဖို့  ဘာသာတရားကို ကျင့်သုံးရတာ......တဲ့.....။
ဒါဖြင့် မသိသေးတာ...မမြင်သေးတာ...မျက်မှောက်မပြုသေးတာဟာ ဘာတွေတုန်းဘုရား....လို့ မေးပြန်တော့....
....ဒါက ဒုက္ခပဲ....ဒါက ဒုက္ခဖြစ်ကြောင်းတရားပဲ.....ဒါက ဒုက္ခတွေ ချုပ်ငြိမ်းသွားတဲ့အရာပဲ.....ဒါက ဒုက္ခ ချုပ်ငြိမ်းဖို့  အကျင့်လမ်းမှန်ပဲ......သစ္စာတရားကို..သိဖို့  ..........လို့  ဖြေတော်မူပါတယ်..။
သစ္စာတရားကိုမသိသေးသမျှ သံသရာလည်နေမှာဖြစ်ပြီး....သစ္စာတရားကိုသိမှ သံသရာက လွတ်မှာဖြစ်ပါတယ်....
( အရှင် နန္ဒမာလာဘိဝံသ )

No comments:

Post a Comment