Friday, 7 March 2014

အဓိပဓိ ပစ္စယော

အဓိပတိ ပစ္စယော=အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား

အဓိပတိဟူသည် အကြီးအမှူးဟု အဓိပ္ပါယ်ရ၍ အကြီးအမှူးသတ္တိဖြင့် အတူဖြစ်ဖက် စိတ်၊ စေတသိက် စိတ္တဇ ရုပ်တရားများအား ကျေးဇူးပြုခြင်း သဘောကို "အဓိပတိ ပစ္စယော - အကြီးအမှူးဖြစ်၍ ကျေးဇူးပြုခြင်း" ဟု ဆိုလိုသည်။

အဓိပတိလေးပါး (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ (ပညာ)) အဓိပ္ပါယ်


အဓိပတိလေးပါးတွင် ဆန္ဒသဘောမှာ 'လုပ်ကာမျှ၊ ဖြစ်ကာမျှ' သာတည်း။ မိမိ စားကောင်းသောက်ဖွယ် ရှိသည့်အခါ 'ဒါမျိုး ငါ့မိဘတွေ သိပ်ကြိုက်တာ၊ ကျွေးချင်လိုက်တာ' ဆိုပြီးဖြစ်ခြင်းမျိုးတည်း။ ကျွေးချင်ယုံသာ ဖြစ်၍ တကယ် မကျွေးလိုက်ရသည့် သဘောမျိုး ဖြစ်သည်။ တစ်ခါတစ်ရံ သူများ လှူဖွယ်ပစ္စည်းကို ပေးလှူနေသည်ကို သိ၍ 'ငါလည်း လှူချင်လိုက်တာ' ဟု ဖြစ်ခြင်းမျိုးတည်း။

အဓိပတိတပ်သော ဆန္ဒ ဆိုသည်မှာ ထိုသဘောမျိုးမဟုတ်တော့ဘဲ လိုချင်သည့်အကျိုးရမည်ဆိုလျှင် အသက်စည်းစိမ်ကိုပင် စွန့်လှူနိုင်သည့် ဘုရားလောင်းတို့၏ ဆန္ဒမျိုးဖြစ်သည်။ ထို့ကြောင့် အဓိပတိတပ်သည့် ဆန္ဒမျိုး ဖြစ်လိုသူသည် 'အာနာပါန ရှုမှတ်လျှင်လည်း ဖြစ်ဖြစ်မြောက်မြောက် လုပ်သင့်၏။ ဘုရားရှိခိုးလျှင်လည်း ကျကျနန ရှိခိုးသင့်၏။ ဘုရားဖူး သွားချင်၍ သွားကြပြီ ဆိုလျှင်လည်း ကုသိုလ်ရအောင် သွားသင့်ကြလေသည်။

ဝီရိယ ဆိုသည်မှာ 'အားထုတ်ခြင်း၊ ကြိုးစားခြင်း' သဘောတည်း။ မဖြစ်သေးသည်ကို ဖြစ်အောင်လုပ်သည့် အရာမှန်သမျှ ထိုဝီရိယ သဘောမျိုး ပါဝင်လေသည်။

အဓိပတိတပ်သော ဝီရိယမျိုးဆိုသည်မှာ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် စိတ်မျိုးတည်း။ အားထုတ်ပေးဆပ်မှု တန်ဖိုးကြီးမားသလို ရလာသည့် အကျိုးလည်း မြင့်မားလေ၏။

ဘုရားအလောင်းတော်၏ (၆)နှစ်တိုင်တိုင် ကြိုးစားအားထုတ်ခဲ့သော ဒုက္ကရာ စရိယဝီရိယသည် ဝီရိယာ ဓိပတိ ဖြစ်သည်။ ထိုဝီရိယကို ရည်ရွယ်၍ 'ကြိုးစားက ဘုရားဖြစ်' ဟု ဆိုကြခြင်းဖြစ်သည်။ ဘုရားအလောင်း မဟာဇနက မင်းသားသည် ရှင်ဖို့လမ်းစ နည်းပါးလှသော်လည်း ပင်လယ်ပြင်ကြီးထဲ၌ ရက်များစွာ ကူးခတ်ခဲ့ခြင်းသည် ဝီရိယာဓိပတိ ဖြစ်လေသည်။

စိတ္တာဓိပတိ ဆိုသည်မှာ လုပ်ငန်းတစ်ခုခု လုပ်ဆောင်ရာတွင် စိတ်ဓာတ်ကြံ့ခိုင်လျှက် လုပ်ဆောင်သူကို 'ဒီလူ တော်တော် စိတ်ဓာတ်ကြံ့ခိုင်တယ်' ဟု ပြောလေ့ရှိကြ၏။ ထိုသဘောမှာ စိတ္တာဓိပတိ ဖြစ်လေသည်။

ဝီမံသ ဆိုသည်မှာ 'စူးစမ်းဆင်ခြင်မှု' ဖြစ်ပြီး တရားသဘောအားဖြင့် 'ပညာ' ပင်တည်း။ ယင်းကိုပင် 'အသိတရား၊ အလိမ္မာ၊ ဉာဏ်ရှိသည်၊ ဆင်ခြင်တုံတရားရှိသည်' ဟု အမျိုးမျိုး ပြောဆိုလေ့ရှိကြသည်။ ထိုဝီမံသာဓိပတိ ရှိလျှင် ရှာဖွေစူးစမ်းလုပ်ကိုင်နိုင်စွမ်း ရှိ၏။

No comments:

Post a Comment