Sunday, 16 March 2014

ဘာလိုနေသလဲ

ဘာလိုနေသလဲ
ရတနာသုံးပါး ပြည့်စုံမှန်ကန်စွာ ထင်ရှားရှိခြင်းတည်း ဟူသော ခေတ္တ၊ ထက်သန်သောသဒ္ဓါဖြင့် ယုံကြည်ကိုးကွယ်ခြင်းဟူသော အဇ္ဈာသယ၊ ဤအဂါင်္နှစ်ချက်နှင့်ပြည့်စုံစွာ ရတနာသုံးပါးကို ကိုးကွယ်လျှင် ယခုဘ၀ မှာပင် ကောင်းကျိုးပေးသည်။
ရတနာသုံးပါးကိုးကွယ်သော ဗုဒ္ဓဘာသာအများစု ယခုဘ၀မ ကောင်းကျိုးမရကြသည်မှာ အဇ္ဈာသယဟူသော အဂါင်္ပျက်ယွင်းသောကြောင့်ပင်ဖြစ်၏။ ဘုရားကျောင်းဆောင်ထဲတွင် ရတနာသုံးပါးမှတစ်ပါးသော အရုပ်မျိုးစုံရှိနေခြင်းသည် ဗုဒ္ဓဘာသာများကိုယ်တိုင် မိမိတို့တွင် အဇ္ဈာသယအဂါင်္ပျက်နေကြောင်း ၀န်ခံရာရောက်ပေသည်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့
မန္တလေးတိုင်းဆရာတော်



 “ ကွယ်ပျောက်သွားတဲ့ နေမင်းကြီးကို ကြည့်ပြီး ဝမ်းနည်းပူဆွေးနေရင်

ပေါ်ထွက်လာမဲ့ လမင်းကြီးကို မြင်နိုင်ဖို့ ခွန်အား မရှိပဲ ဖြစ်လိမ့်မယ်” တဲ့

ဘဝ ဆိုတာ. အရှုံးတွေချည်း တွေ့ကြုံရမှာ မဟုတ်ပါဖူး. တစ်ခါတစ်ရံမှာတော့

အောင်မြင်မှု. ပျော်ရွှင်မှုတွေလည်း ရောက်လာအုံးမှာပါ. အဲ့ဒီအခွင့်အရေးကို.

ထွေးပွေ့ထားနိုင်ဖို့. သင့်ဘက်ကလိုအပ်ချက်တွေ ပြင်ဆင်ပြီး ရင်ဆိုင်ရဲရဲ

လျှောက်လှမ်းကြပါစို့လား. သူငယ်ချင်းရယ်

No comments:

Post a Comment