Monday, 3 March 2014

အစွမ်းအစရှိသူတွေဟာ


"... အစွမ်းအစရှိသူတွေဟာ ..."
--------------------------------

အစွမ်းအစရှိသူတွေဟာ
သူတစ်ပါးကို ပုတ်ချတတ်သူတွေမဟုတ်ပဲ
သူတစ်ပါးကို ဆွဲတင် ပေးတတ်ကြတဲ့သူတွေပါ

အစွမ်းအစရှိသူတွေဟာ
သူတစ်ပါးအရိပ်ထဲမှာနေဖို့
ကိုယ်တိုင် နေပူထဲမှာနေပေးတတ်
ကြတဲ့ သူတွေပါ



အစွမ်းအစရှိသူတွေဟာ
သူတစ်ပါးလျှောက် မယ့်
လမ်းကိုပိတ်တတ်သူ တွေမဟုတ်ပဲ
လမ်းကိုအတူလျှောက်စေတတ်ကြတဲ့
သူတွေပါ…

အစွမ်းအစရှိသူတွေဟာ
သူတစ်ပါးတော်သည်ဖြစ်စေ
မတော်သည် ဖြစ်စေ ကိုယ့်ဘက်က
ကောင်းနိုင် တဲ့စိတ်ထားကို
မွေးမြူထားတတ်ကြတဲ့ သူတွေပါ…

— ငြိမ်းလဲ့

No comments:

Post a Comment