Monday, 3 March 2014

အနောက်ဘက် မိုးညိုသည်.


အင်အားကြီးသူက အင်အားနည်းသူကို ၀ါးမျိုသွားတာ ဓမ္မတာပဲ။ ဒီပုံနဲ့ဆို ငါတို့ ဘယ်လောက် ကြံကြံခံနိုင်မှာလဲ။ ရှိတဲ့ ခွန်အားတွေနဲ့ ငါတို့ သွေးသစ်မလောင်းနိုင်ရင်တောင် ကြံကြံခံဖို့ အားမွေးထားရအုံ့မယ်။ မသေချာသေးတဲ့ အနာဂတ်ရဲ့ နေ့ရက်တွေဟာ ဘယ်လို ဖြစ်လာမယ်ဆိုတာကို ဗေဒင်ဆရာတောင် ခန့်မှန်းလို့ ရမှာမဟုတ်ဘူး။
အားတင် ထား။
“အဖေရယ် .. အနောက်ဘက်မှာ မိုးညိုလာပြီ။ ပြန်ကြစို့နော်”
“အဲပါ သမီးရယ်..။ မပူပါနဲ့ အဖေတစ်ယောက်လုံးရှိပါတယ်” နောက်ဆုံး အံကို ကိုက်ပြီး ရှိသမျှ အားအင်တို့ဖြင့် နှစ်သိမ့်ပေးကြည့်သည်။ သို့သော်.. အနောက်ဘက်တွင် တိမ်မဲ တိမ်လိပ်တို့ကား ရွာမည်မိုးလို တကဲကဲ။ အဖေသည် အရှေ့ဘက်ကို မျှော်ကြည့်လိုက်၏။ သို့သော် အရှေ့ဘက်မှာ နေရောင်မြင်နေရပေမယ့် လမ်းစပျောက်နေသော ဖခင်တစ်ယောက်အတွက် တခြားမျှော်လင့်စရာများကို ရွေးရှာကြည့်မိသည်။ မတွေ့။ လမ်းစရှာမရ..။
-------------------------အနောက်ဘက် မိုးညိုသည်......... (စာမြည်း)

   ဝေဟင်အောင်
    ၃၊ ၃၊ ၂၀၁၄။

No comments:

Post a Comment