Friday, 4 January 2013

“ ကမ္ဘာတွင် ဥာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ - ဆူ ”

“ ကမ္ဘာတွင် ဥာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ - ဆူ ”
◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊

၁ - တရုတ်နိုင်ငံ၊ Lushan, Henan ရှိ နွေဦးဘုရားကျောင်းမှ
ဗုဒ္ဓရုပ်ပွားတော်-
ဥာဏ်တော်အမြင့် - ၁၂၆ မီတာ ( ၄၂၀ ပေ )

၂ - မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း မုံရွာမြို့ ဗောဓိတစ်ထောင်ရှိ
လေးကျွန်းစင်္ကြာ ရုပ်ပွားတော် -
ဥာဏ်တော်အမြင့် - ၁၁၆ မီတာ ( ၃၈၁ ပေ )

၃- ဂျပန်နိုင်ငံ - Ibaraki စီရင်စု ၊ Ushiku မှ ယူရှိကုဒိုင်ဘုစု
ဗုဒ္ဓရုပ်ပွားတော် -
ဥာဏ်တော်အမြင့် - ၁၁၀ မီတာ ( ၃၆၀ပေ)

Source: ► www.TheBuddhism.net

 
 
“ ခန္ဓာ ဖန်ဆင်းရှင် ”
~~~~~~~~~~~

“ အ၀ိဇ္ဖာနှင့် တဏှာ ရင်းခံ၊
ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်၊
အပင်မှမျိုး ၊မျိုးမှအပင်၊
အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊
ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊
အဖန်ဖန်ဖြစ် ပြန်နည်းအလျှော်၊
ဗြဟ္မာ-သိကြားစသည်များက
ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊
အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊
သတ္တ၀ါတို့၊ ဖြစ်လာရမှု မဟုတ်ဟု
ညဏ်ဖြင့် ရှု၍မျှော်။ ”


- (ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)
 
“ဗုဒ္ဓါနုဿတိ” ပွားများပုံ
-------------------------

“အရဟံ” လို့ စိတ်ထဲက ဆိုပြီး “၀င်လေ”ကို ရှူသွင်းပါ၊
“အရဟံ”လို့ စိတ်ကဆိုပြီး “ထွက်လေ”ကို ပြန်ထုတ်ပါ ၊
မိမိစိတ်ငြိမ်လာပြီဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်အရောက်
...See More
“ကျေးဇူးတော်ရှင်…အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ“မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီး..၏ “ဗုဒ္ဓါနုဿတိ” “မေတ္တာဘာဝနာ” “မရဏဿတိ” “အသုဘ ဘာဝနာ”


၊ဒီလေးမျိုးကို “စတုရာရက္ခတရား” ( အစောင့်အရှောက် တရားလေးပါး) လို့ ခေါ်ဆိုပါတယ်။ တရားအားထုတ်တဲ့ ယောဂီများ သဒ္ဓါတရားတွေတိုးပွားပြီး အေးချမ်းစွာ တရားရှုမှတ်နိုင်ဖို့ အတွက် ဒီလေးမျိုးကို ပွားများကြရပါတယ်။
ဗုဒ္ဓါနုဿတိပွားများပုံ
“အရဟံ” လို့ စိတ်ထဲက ဆိုပြီး “၀င်လေ”ကို ရှူသွင်းပါ၊ “အရဟံ”လို့ စိတ်ကဆိုပြီး “ထွက်လေ”ကို ပြန်ထုတ်ပါ ၊ မိမိစိတ်ငြိမ်လာပြီဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်အရောက် အာရုံပြုပြီး “ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား” ဆိုပြီး “၀င်လေ ထွက်လေ” တိုင်းမှာ ရှူမှတ်ပေးပါ ၊ ဒီလိုနည်းနဲ့ အချိန်ရသလောက်ပွားများပေးပါ၊ ဘုရားရှင်ပေါ်မှာ ကြည်ညိုတဲ့စိတ်တွေများလာလေ တရားအလုပ်လုပ်ရတာ ချောမွေ့လွယ်ကူလေပါပဲ။
မေတ္တာဘာဝနာပွားများပုံ……

“အားလုံးသော သတ္တ၀ါတွေ ၀င်လေတချက်”၊“ချမ်းသာကြပါစေ ထွက်လေတချက်” ဒီပုံစံနဲ့ မေတ္တာဘာဝနာပွားများနိုင်ပါတယ်၊ကိုယ်ပွားများချင်တဲ့ပုံစံနဲ့ ပွားများနိုင်ပါတယ်၊“၀င်လေ ထွက်လေ” ကပ်ပြီးပွားများတာက သမာဓိပိုရလွယ်ပါတယ်။
မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ )
“တနေ့သေရမှာ ပါတကား၊ တနေ့သေရမှာပါ တကား”လို့ ဥာဏ်ကနေမြင်လာအောင်၊ဥာဏ်မှာထင်လာအောင် ဆင်ခြင်ရပါမယ်။
အသုဘ ဘာဝနာ ( စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ )
“ငါ့ရဲ့ခန္ဓာကိုယ်ဟာ စက်စုပ်စရာကြီးပါတကား”..လို့ ခန္ဓာကိုယ်က(၃)ပိုင်း ပိုင်းပြီး ပွားများရပါမယ်။ပထမဆုံး ပုခုံးအထက် “ဦးခေါင်းပိုင်း”ကို အရင်ကြည့်ရပါမယ်။မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကိုပို့ထား၊“ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ်စရာကြီးပါတကား”လို့ ..စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့အထိ ပွားများပေးပါ။
ဒုတိယ.. “ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ်အလယ်ပိုင်း”ကို စိတ်နဲ့ကြည့်ပြီး “ငါ့ရဲ့ခန္ဓာကိုယ်ဟာ စက်ဆုပ်စရာကြီးပါတကား”လို့ စိတ်ကဆင်ခြင်ပွားများပြီး အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီမြင်အောင် ကြိုစားပွားများပါ။
တတိယ.. “ခါးအောက်ပိုင်းအကုန် ခြေထောက် အထိ”စိုက်ကြည့် ပွားများပါ၊ ( ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရားအလုပ်မှာ နှောင့်နှေးတတ်ပါတယ်။ နာမည်ကြီး ခေမာထေရီကို ကြည့်ပြီး သိနိုင်ပါတယ်)ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တက်မက်မှုကင်းအောင် အသုဘ ဘာဝနာကို ပွားများကြရပါတယ်။
ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများအားထုတ်မယ့်သူတွေ ကြိုးစားအားထုတ် ပွားများသင့်ပါတယ်၊ ရက်တွေအများကြီး အချိန်မပေးနိုင်ရင်တောင် တရားမရှုမှတ်မိ အချိန်ပိုင်းလောက် “ဗုဒ္ဓါနုဿတိ”နဲ့ “မေတ္တာဘာဝနာ”ကို (၁၀) မိနစ် (သို့မဟုတ်) (၁၅) မိနစ် ပွားများသင့်ပါတယ်၊ မေတ္တာစွမ်းအားဟာ တကယ့်ကို ကြီးမားလှပါတယ်။
========================================================
_             ခန္ဓာငါးပါး ဘုရားရှိခိုး

“ ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ၊ ဘာရဟာရော စ ပုဂ္ဂလော။
ဘာရာဒါနံ ဒုခံ လောကေ၊ ဘာရနိက္ခေပနံ သုခံ။
(မယံ ဓမ္မရာဇဿ သက္ကစ္စံ ၀န္ဒာမ။) ”

         ပါဠိတော်မြန်မာပြန်
---------------------
ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်။ ဟဝေ၊ စင်စစ်
ဧကန် အမှန်အားဖြင့်။ ဘာရာ၊ ၀န်ထုပ်ဝန်ပိုးကြီးတို့ ပါပေတည်း။

ဘာရဟာရော စ၊ ခန္ဓာငါးပါးတည်းဟူသော ၀န်ထုပ်ဝန်ပိုးကို
ထမ်းဆောင်သူသည်ကား။ ပုဂ္ဂလော၊ ခန္ဓာငါးပါးရှိသော
သတ္တ၀ါပါပေတည်း။

လောကေ၊ လောက၌။ ဘာရာဒါနံ၊ ခန္ဓာငါးပါးတည်းဟူသော
ဝန်ထုပ်ဝန်ပိုးကို ယူလိုက်ရခြင်းသည်။ ဒုခံ၊ ဆင်းရဲလှပါပေ၏။

ဘာရနိက္ခေပနံ၊ ခန္ဓာတည်းဟူသော ၀န်ထုပ်ဝန်ပိုးကို ပစ်ချ
လိုက်ရခြင်းသည်။ သုခံ၊ ချမ်းသာလှပါပေ၏။ ဣတိ၊ ဤသို့။
ဘဂ၀ါ၊ မြတ်စွာဘုရားရှင်သည်။ အဒေသယိ၊ မိန့်မြွက်တော်မူခဲ့
ပါပေ၏။

( မယံ၊ တပည့်တော်တို့သည်။ မယံ၊ တရားဟော တရားနာ
ဖြစ်ကြကုန်သော ဘုရားတပည့်တော် တပည့်တော်မတို့သည်။
ဓမ္မရာဇဿ၊ တရားမင်းသခင် ဘုရားရှင်အား။ သက္ကစ္စံ၊ ရိုသေစွာ။
ဝန္ဒာမ၊ ရှိခိုးကြပါ၏။ သက္ကစ္စံ၊ ရိုရိုသေသေ။ ၀န္ဒာမ၊ ကိုယ်နှုတ်နှလုံး
သုံးပါးပျောင်းပျော့ မာန်ဟုန်လျှော့၍ ရှိခိုး ဦးညွတ်ပါ၏
အရှင်ဘုရား . . .။)

No comments:

Post a Comment