Friday, 4 January 2013

" ပြုစုရေး မင်္ဂလာ ၃-ပါး "
~~~~~~~~~~~~~~~

(၁)။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း။


(၂)။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
(၃)။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွားချမ်းသာများကြောင်း
ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

- မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။ -

~ မြတ်ဗုဒ္ဓ ~

 ==========================================

 " နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး "
~~~~~~~~~~~~~~~~~~~

(၁)။ သင့်လျော်သောအရပ်၌ နေရခြင်း။

(၂)။ ရှေး၌ပြုဖူး ကောင်းမှုအထူးရှိခြင်း။

(၃)။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွားချမ်းသာများကြောင်း
ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

- ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။ -

~ မြတ်ဗုဒ္ဓ ~

 -============================================
 " နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်....၊
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်...။

မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ်မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။

တန်းတူတွေ့ရင် ၊ မေတ္တာဝင်၊ မ၀င်နိုင်က၊ ပြိုင်တတ်တယ်၊
ပြိုင်မဲ့အစားမေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါမယ်။

ကိုယ့်အောက်တွေ့ရင်၊ ဂရုဏာဝင် ၊ မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ၊ ဂရုဏာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင် မုဒိတာဝင်၊ မ၀င်ဣဿ ယိုင်တတ်တယ်။
ယိုင်မဲ့အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ပြင်ဆင်တိုင်းရ ပြုတိုင်းလှ၊
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ "

- (မစိုးရိမ်ပဋ္ဌာန်းဆရာတော်ဘုရားကြီး အရှင်ဝိသုဒ္ဓါဘိဝံသ )

 =========================================

 
" ဝေလာမသုတ်မှ ကောင်းမှုကုသိုလ်တို့အကျိုးကျေးဇူးကြီးပုံအဆင့်ဆင့် "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူကြွယ် -
ဝေလာမပုဏ္ဏားသည် အကြင် အလှူကြီးကို လှူခဲ့၏၊
★အကြင်သူသည်ကား အယူပြည့်စုံသူ (သောတာပန်) တစ်ဦးကို
ကျွေးမွေးရာ၏၊
★အကြင်သူသည် အယူပြည့်စုံသူ (သောတာပန်) တစ်ရာကို
ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား သကဒါဂါမ် တစ်ဦးကို ကျွေးမွေးရာ၏၊
★အကြင်သူသည် သကဒါဂါမ် တစ်ရာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား အနာဂါမ်တစ်ဦးကို ကျွေးမွေးရာ၏၊
★အကြင်သူသည် အနာဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား ရဟန္တာတစ်ပါးကို ကျွေးမွေးရာ၏၊
★အကြင်သူသည် ရဟန္တာတစ်ရာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား ပစ္စေကဗုဒ္ဓါ တစ်ပါးကို ကျွေးမွေးရာ၏၊
★အကြင်သူသည် ပစ္စေကဗုဒ္ဓါတစ်ရာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား မြတ်စွာဘုရားကို ကျွေးမွေးရာ၏၊
★အကြင်သူသည် ဘုရားအမှူးရှိသော သံဃာကို ကျွေးမွေးရာ၏၊
★အကြင်သူသည်ကား အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို
ရည်ညွှန်း၍ကျောင်းဆောက်ရာ၏၊
★အကြင်သူသည် ကြည်ညိုစိတ်ရှိသဖြင့် ဘုရား တရား သံဃာကို
ကိုးကွယ်ရာ၏၊
★အကြင်သူသည်ကား သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်မှု။ပ။
ယစ်မူးမေ့လျော့ခြင်း၏ ★အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်မှု
ဟူသော သိက္ခာပုဒ်တို့ကို ဆောက်တည်ရာ၏၊
★အကြင်သူသည် နံ့သာ တစ်ရှူခန့်မျှ အချိန်လောက် မေတ္တာစိတ်ကို
ပွါးများရာ၏၊
★အကြင်သူသည်ကား လက်ဖျစ်တစ်တွက်ခန့်မျှ အချိန်လောက်
အနိစ္စသညာကို ပွါးများရာ၏၊

★ဤ လက်ဖျစ် တစ်တွက်ခန့်မျှ အချိန်လောက် အနိစ္စသညာကို
ပွါးများခြင်းသည် ထိုမေတ္တာစိတ်ကို ပွါးများခြင်းထက် သာ၍
အကျိုးကြီး၏ ဟု (မိန့်တော်မူ၏)။

ကောင်းမှုတို့အကျိုးကြီးပုံအဆင့်အတန်း
.................................................

သူကြွယ် -
ဝေလာမပုဏ္ဏားသည် အကြင် ကြီးကျယ်သော အလှူကို
လှူခဲ့၏။ ★အကြင် တစ်ဦး တစ်ယောက်သည်ကား အယူပြည့်စုံသူ သောတာပန်တစ်ဦးကို ကျွေးမွေးရာ၏၊ ထိုသောတာပန်တစ်ဦးကို ကျွေးမွေးရခြင်းသည် ထိုဝေလာမ
ပုဏ္ဏား၏ အလှူကြီးထက် သာ၍ အကျိုးကြီး၏။

★အကြင်သူသည် သောတာပန် တစ်ရာကို ကျွေးမွေးရာ၏၊ ★အကြင်သူသည်ကား သကဒါဂါမ်တစ်ဦးကို ကျွေးမွေးရာ၏၊
★ဤသကဒါဂါမ် တစ်ဦးကို ကျွေးမွေးရခြင်း သည် ထိုသောတာပန် တစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။

★အကြင်သူသည် သကဒါဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်
သူသည်ကား အနာဂါမ်တစ်ဦးကို ကျွေးမွေးရာ၏ ဤအနာဂါမ်တစ်ဦးကို ကျွေးမွေးရခြင်းသည် ထို သကဒါဂါမ်တစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍ အကျိုးကြီး၏။

★အကြင်သူသည် အနာဂါမ်တစ်ရာကို ကျွေးမွေးရာ၏၊ အကြင်
သူသည်ကား ရဟန္တာ တစ်ပါးကို ကျွေးမွေးရာ၏။ ဤ ရဟန္တာ
တစ်ပါးကို ကျွေးမွေးရခြင်းသည် ထို အနာဂါမ်တစ်ရာကို ကျွေးမွေး
ရခြင်းထက် သာ၍ အကျိုးကြီး၏။

★အကြင်သူသည် ရဟန္တာတစ်ရာကို ကျွေးမွေးရာ၏၊ အကြင်သူသည်ကား ပစ္စေကဗုဒ္ဓါတစ်ပါးကို ကျွေးမွေးရာ၏။ ဤ ပစ္စေကဗုဒ္ဓါတစ်ပါးကို ကျွေးမွေး
ရခြင်း သည် ထို ရဟန္တာတစ်ရာကို ကျွေးမွေးရခြင်းထက် သာ၍
အကျိုးကြီး၏။

★အကြင်သူသည် ပစ္စေက ဗုဒ္ဓါတစ်ရာကို ကျွေးမွေးရာ၏၊ အကြင်
သူသည်ကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရား
တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို ကျွေးမွေးရာ၏။ ဤ မြတ်စွာဘုရားကို ကျွေးမွေးရခြင်းသည်ထိုပစ္စေကဗုဒ္ဓါတစ်ရာကို
ကျွေးမွေးရခြင်းထက် သာ၍အကျိုးကြီး၏။

★အကြင်သူသည်ကား မြတ်စွာဘုရား အမှူးရှိသော ရဟန်း သံဃာကို
ကျွေးမွေး ရာ ၏။ ပ ။

★အကြင်သူသည်ကား အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်း ဆောက်ရာ၏။ ပ ။

★အကြင်သူသည်ကား ကြည်ညိုစိတ် ရှိသဖြင့် ဘုရား တရား သံဃာကို ကိုးကွယ်ရာ ဟု ဆည်းကပ်ရာ၏။ ပ ။

★အကြင်သူသည်ကား ကြည်ညိုစိတ် ရှိသဖြင့် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်မှု၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်မှု၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်မှု၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်မှု (ဟူသော)
"သိက္ခာ ပုဒ်"တို့ကို ဆောက်တည်ရာ၏။

★★★အကြင်သူသည်ကား အယုတ်သဖြင့် နံ့သာ တစ်ရှူခန့်မျှ အချိန်လောက် မေတ္တာ စိတ်ကို ပွါးများရာ၏၊★★★

★အကြင်သူသည်ကား လက်ဖျစ် တစ်တွက်ခန့်မျှ အချိန်လောက်
အနိစ္စသညာကို ပွါးများရာ၏၊ ဤလက်ဖျစ် တစ်တွက်ခန့် အချိန်လောက် အနိစ္စသညာကို ပွါးများခြင်းသည် ထိုမေတ္တာ ပွါးများခြင်းထက်သာ၍
အကျိုးကြီး၏။

၁ဝ - ( ဝေလာမသုတ်၊ သမ္ဘောဓိဝဂ်၊ နဝကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ )

No comments:

Post a Comment