ကုန်သွယ်မှုချင်း တူပါလျက် အကျိုးရချင်း ခြားနားချက်
ပျင်းရိခြင်း နှင့် မပျင်းရိခြင်း
ဗုဒ္ဓဘုရားရှင်သည် လူအများ ကျင့်သုံးလိုက်နာရန် အဆုံးအမပေါင်းများစွာကို
ဟောကြားတော်မူခဲ့သည်။ ယင်းတို့တွင် ပျင်းရိခြင်းနှင့် ပတ်သက်၍
ဟောကြားသည်မှာ အထူးသတိပြု ဆင်ခြင်ဖွယ်ရာ ဖြစ်သည်။
ဗုဒ္ဓဘုရားရှင်က ပျင်းရိခြင်းနှင့် ပတ်သက်၍
(၁) ပျင်းရိ၍ အားမထုတ်ဘဲနေသောသူ။
(၂) မပျင်းရိဘဲ အားထုတ်၍နေသောသူဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည်။
ထိုသို့ ခွဲခြားပြီးလျှင် အကျိုးအပြစ်များကိုလည်း ဖွင့်ဆိုပြသည်။
မြတ်စွာဘုရား လက်ထက်တော်အခါက မဟာဓနသူဌေးသားနဲ့ ဇနီးမယားတို့ ရှိကြသည်။ သူတို့သည် မိဘတို့၏ အမွေအနှစ်များကို ရ၍ ကြွယ်ဝချမ်းသာကြသော်လည်း အားထုတ်ခြင်းမရှိ၊ ပျင်းရိသောကြောင့် စီးပွားများပျက်၍ သူတောင်းစားဘ၀သို့ ရောက်ခဲ့ကြရသည်။
တနေ့သောအခါ ဆွမ်းစားဇရပ်တခုတွင် မြတ်စွာဘုရားသည် သံဃာတော်များနဲ့အတူ ဆွမ်းစားနေတော်မူ၏။ ထိုစဉ် တံခါးဝ၌ ခွက်လက်စွဲကာ ရပ်နေသော ထိုသူဌေးသား လင်မယားကိုမြင်၍ ပြုံးတော်မူ၏။ ပြုံးတော်မူရခြင်းအကြောင်းကို အရှင်အာနန္ဒာ မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က-ငါသည် သူဌေးသားကိုမြင်၍ ပြုံးရသည်။ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကနှင့် ဓမ္မ နှစ်ဌာနတို့၌ ပျင်းရိ၍ အားထုတ်မှုမရှိသောကြောင့် လောကချမ်းသာ၊ ဓမ္မချမ်းသာ နှစ်မျိုးလုံးတို့မှ ဆုတ်ယုတ်သွားရလေပြီ-ဟု မိန့်ကြားတော်မူ၏။
ဘုရားရှင်က ဆက်လက်၍ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကဘက်၌ ပထမအရွယ်တွင် စီးပွားဥစ္စာ ရှာကြသော် ပထမတန်းစား သူဌေးများ ဖြစ်နိုင်ကြသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင် သူဌေးသားက ရဟန္တာ၊ ဇနီးမယားက အနာဂါမ် ဖြစ်နိုင်ကြပေသည်-ဟု မိန့်တော်မူသည်။
ထို့နောက် ဘုရားရှင်က- ဤသူဌေးသားနှင့် ဇနီးမယားတို့သည် ဒုတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် ဒုတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြသော် သူဌေးသားက အနာဂါမ်၊ ဇနီးမယားက သကဒါဂါမ် ဖြစ်နိုင်ကြပေသည်။
အကယ်၍ တတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် တတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင်မူ သူဌေးသားက သကဒါဂါမ်၊ ဇနီးမယားက သောတာပန် ဖြစ်နိုင်ကြပေသည်။
ယခုမူ ပျင်းရိ၍ အားမထုတ်ခဲ့သောကြောင့် သူဌေးအဖြစ်မှလည်း ဆုတ်ယုတ်သွားကြပေပြီ။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မဖြစ်ကြဘဲ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတို့မှလည်း ဆုတ်ယုတ်သွားကြပေပြီ-ဟု မိန့်တော်မူသည်။
ဤမိန့်တော်မူချက်သည် ပျင်းရိခြင်း၏ အကျိုးနှင့်အပြစ်ကို ကောင်းစွာ သာဓကပြလျက်ရှိသည်။
လောကနီတိကျမ်းဆရာများကလည်း ပျင်းရိ၍ အားမထုတ်ဘဲနေသူတို့၏ ဆုတ်ယုတ်သွားပုံကို ရေးသားဖွင့်ပြကြသည်။
* ပျင်းရိသူသည် အတတ်ပညာ မတတ်၊
အတတ်ပညာ မရှိသူအား စီးပွားဥစ္စာ မရနိုင်၊
စီးပွားဥစ္စာ မရှိသူအား မိတ်ဆွေကောင်း မရနိုင်၊
မိတ်ဆွေကောင်း မရှိသူအား ချမ်းသာသုခ မရနိုင်၊
ချမ်းသာသုခ မရှိသူအား ကောင်းမှုမပြုနိုင်၊
ကောင်းမှုမရှိသောသူအား နိဗ္ဗာန်ချမ်းသာကို မရနိုင်-ဟူ၍ လောကဓမ္မ နှစ်ဌာနလုံး၌ ဆုတ်ယုတ်သွားပုံကို ဖွင့်ဆိုပြထားသည်။
ဤကား ကျွန်ုပ်တို့ စာစောင်က ဦးထိပ်ထားသော သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကြီး၏ ဓမ္မဆောင်းပါးတပုဒ်တွင် ရေးသားချက်ဖြစ်သည်။ မြတ်မင်္ဂလာစာစောင်တွင် ဖော်ပြပြီးဖြစ်သော်လည်း အလွန်တန်ဖိုးရှိလှသဖြင့် ကျွန်ုပ်တို့ ထပ်ဆင့်တင်ပြလိုက်ရပေသည်။
====================================================ဗုဒ္ဓဘုရားရှင်က ပျင်းရိခြင်းနှင့် ပတ်သက်၍

စကားဟူသည်
တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။
ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။
ရဟန်းတို့-စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုး-အပြစ်တို့သည် ဤ ၅-မျိုးတို့တည်း-ဟု မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ် ဗဟုဘာဏိသုတ် )
===============================================ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။
ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။
ရဟန်းတို့-စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုး-အပြစ်တို့သည် ဤ ၅-မျိုးတို့တည်း-ဟု မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ် ဗဟုဘာဏိသုတ် )
သူနာပြု ဟူသည်
တခါသော် မြတ်စွာဘုရားသခင်သည် သူနာပြုစုနည်းနှင့် ပတ်သက်၍ ရဟန်းတို့အား ဤသို့ ဟောကြားတော်မူ၏။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားမလည်။
၂။ ရောဂါနှင့် သင့်-မသင့်ကို မသိ။
၃။ မေတ္တာစိတ် မရှိဘဲ လာဘ်ကိုငဲ့၍ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို ရွံရှာစက်ဆုပ်၏။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေးမှု မရှိ။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် မထိုက်။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားလည်၏။
၂။ ရောဂါနှင့် သင့်-မသင့်ကို သိ၏။
၃။ မေတ္တာစိတ်ဖြင့် လာဘ်ကိုမငဲ့ဘဲ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို မစက်ဆုပ်။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေး၏။
ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် ထိုက်တန်၏။
ဟု-မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်ပါဠိတော် ဂိလာန၀ဂ်၊ ဒုတိယဥပဋ္ဌာကသုတ် )
=====================================================ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် မထိုက်တန်။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားမလည်။
၂။ ရောဂါနှင့် သင့်-မသင့်ကို မသိ။
၃။ မေတ္တာစိတ် မရှိဘဲ လာဘ်ကိုငဲ့၍ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို ရွံရှာစက်ဆုပ်၏။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေးမှု မရှိ။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် မထိုက်။
ရဟန်းတို့-ဤတရားငါးမျိုးနှင့် ပြည့်စုံသူသည် သူနာကို ပြုစုရန် ထိုက်တန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ ဆေးဝါးနှင့်ပတ်သက်၍ နားလည်၏။
၂။ ရောဂါနှင့် သင့်-မသင့်ကို သိ၏။
၃။ မေတ္တာစိတ်ဖြင့် လာဘ်ကိုမငဲ့ဘဲ ပြုစု၏။
၎။ သူနာ၏ အညစ်အကြေးစသည်ကို မစက်ဆုပ်။
၅။ အခါအားလျော်စွာ သူနာကို တရားစကားဖြင့် နှစ်သိမ့်အားပေး၏။
ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသောသူနာပြုသည် သူနာကိုပြုစုရန် ထိုက်တန်၏။
ဟု-မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်ပါဠိတော် ဂိလာန၀ဂ်၊ ဒုတိယဥပဋ္ဌာကသုတ် )
ပြုစုရခက်သူ နှင့် လွယ်သူ
တနေ့သ၌ မြတ်စွာဘုရားသခင်သည် ရဟန်းတို့အား ပြုစုရခက်သော သူနာနှင့် ပြုစုရလွယ်သောသူတို့အကြောင်း ဤသို့ ဟောကြားတော်မူသည်။
ရဟန်းတို့ ပြုစုရခက်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ
၁။ ရောဂါနှင့် မသင့်သည်ကို ပြုလုပ်၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို မသိ။
၃။ ဆေးမစား။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို မပြော။
၅။ ဝေဒနာကို သည်းမခံ။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူဖြစ်၏။
ရဟန်းတို့ ပြုစုရလွယ်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ-
၁။ ရောဂါနှင့် သင့်သည်ကို ပြု၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို သိ၏။
၃။ ဆေးစား၏။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို ပြော၏။
၅။ ဝေဒနာကို သည်းခံ၏။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုလွယ်သူ ဖြစ်၏-ဟု မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်ပဉ္စကနိပါတ်၊ ပထမဥပဋ္ဌာကသုတ် )
======================================================ရဟန်းတို့ ပြုစုရခက်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ
၁။ ရောဂါနှင့် မသင့်သည်ကို ပြုလုပ်၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို မသိ။
၃။ ဆေးမစား။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို မပြော။
၅။ ဝေဒနာကို သည်းမခံ။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူဖြစ်၏။
ရဟန်းတို့ ပြုစုရလွယ်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ-
၁။ ရောဂါနှင့် သင့်သည်ကို ပြု၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို သိ၏။
၃။ ဆေးစား၏။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို ပြော၏။
၅။ ဝေဒနာကို သည်းခံ၏။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုလွယ်သူ ဖြစ်၏-ဟု မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ်ပဉ္စကနိပါတ်၊ ပထမဥပဋ္ဌာကသုတ် )
နိုးကြားသူ
တခါသော် မြတ်စွာဘုရားသခင်သည် နိုးကြားမှု အမြဲရှိသင့်ကြောင်း ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ ငါ၏စကားကို နာယူကြကုန်လော့၊ အိပ်ပျော်နေသောသင်တို့သည် နိုးကြားကြကုန်လော့။ အိပ်ပျော်နေခြင်းထက် နိုးကြားခြင်းသည် မြတ်၏၊ နိုးကြားမှု အမြဲရှိသူအား ဘေးမရှိ။
အကြင်သူသည် နိုးလည်းနိုးကြား၏၊ သတိမြဲ၏၊ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၏၊ တည်ကြည်မှု ရှိ၏၊
ဝမ်းမြောက်မှု ရှိ၏၊ ကြည်လင်သောစိတ် ရှိ၏၊ ထိုသူသည် အခါအားလျော်စွာ တရားကို စူးစမ်းရှာဖွေလျက် တည်ကြည်သောစိတ်ဖြင့် မသိမှုကို ပယ်ဖျောက်နိုင်၏။
ထို့ကြောင့် ဤလောက၌ နိုးကြားသူကိုသာ ဆည်းကပ်ရာ၏၊ လုံ့လ၀ီရိယနှင့် ပြည့်စုံသော နိုးကြားမှုရှိသော ပညာရှိသည် ဤဘ၀၌ပင် အရဟတ္တမဂ်ဉာဏ်သို့ ရောက်ရာ၏။
( ဣတိဝုတ် ပါဠိတော်၊ ဒုကနိပါတ်၊ ဒုတိယ၀ဂ်၊ ဇာဂရိယသုတ် )
=====================================================ရဟန်းတို့၊ ငါ၏စကားကို နာယူကြကုန်လော့၊ အိပ်ပျော်နေသောသင်တို့သည် နိုးကြားကြကုန်လော့။ အိပ်ပျော်နေခြင်းထက် နိုးကြားခြင်းသည် မြတ်၏၊ နိုးကြားမှု အမြဲရှိသူအား ဘေးမရှိ။
အကြင်သူသည် နိုးလည်းနိုးကြား၏၊ သတိမြဲ၏၊ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၏၊ တည်ကြည်မှု ရှိ၏၊
ဝမ်းမြောက်မှု ရှိ၏၊ ကြည်လင်သောစိတ် ရှိ၏၊ ထိုသူသည် အခါအားလျော်စွာ တရားကို စူးစမ်းရှာဖွေလျက် တည်ကြည်သောစိတ်ဖြင့် မသိမှုကို ပယ်ဖျောက်နိုင်၏။
ထို့ကြောင့် ဤလောက၌ နိုးကြားသူကိုသာ ဆည်းကပ်ရာ၏၊ လုံ့လ၀ီရိယနှင့် ပြည့်စုံသော နိုးကြားမှုရှိသော ပညာရှိသည် ဤဘ၀၌ပင် အရဟတ္တမဂ်ဉာဏ်သို့ ရောက်ရာ၏။
( ဣတိဝုတ် ပါဠိတော်၊ ဒုကနိပါတ်၊ ဒုတိယ၀ဂ်၊ ဇာဂရိယသုတ် )
အလှူအကျိုး
အခါတပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောရှိ ကျောင်းကြီး၌
သီတင်းသုံးနေတော်မူသည်။ ထိုစဉ် သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍
အရှင်ဘုရား အလှူ၏အကျိုးကို ကိုယ်တိုင်သိမြင်နိုင် ပါသလော-ဟု လျှောက်၏။
မြတ်စွာဘုရားက သီဟ-သိမြင်နိုင်၏-ဟု မိန့်တော်မူကာ
သီဟ ပေးလှူတတ်သော အလှူရှင်ကို
၁။ လူများစွာတို့ ချစ်ခင်မြတ်နိုးကြ၏။
၂။ သူတော်ကောင်းတို့သည် ချဉ်းကပ်ကြကုန်၏။
၃။ အလှူရှင်၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်၏။
၎။ မင်းပရိသတ်သို့ ဖြစ်စေ၊ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ၊ သူကြွယ်ပရိသတ်သို့ ဖြစ်စေ၊ ရဟန်းပရိသတ်သို့ ဖြစ်စေ ပရိသတ်တမျိုးမျိုးသို့ ချဉ်းကပ်ခဲ့မူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရ၏။
၅။ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည့်နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ရောက်ရ၏။ ဟူ၍ ဟောကြားတော်မူ၏။
သီဟစစ်သူကြီးသည် အရှင်ဘုရား ကျွန်ုပ်သည် ပေးလှူတတ်သည့် အလှူရှင်ပါတည်း။
အရှင်ဘုရား ဟောတော်မူသည့် ကိုယ်တိုင်သိမြင်ရသော အလှူ၏ အကျိုး ၅-မျိုးအနက် ၄-မျိုးကို ကိုယ်တိုင်ခံစား သိရှိရပါ၏။
ကျန်တမျိုးဖြစ်သည့် အလှူရှင်သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ရ၏။ ဟူသော အကျိုးတရားကိုမူ အကျွန်ုပ် မသိရပါ။
ဤအကျိုးနှင့် ပတ်သက်၍ မြတ်စွာဘုရားအား ယုံကြည်မှုရှိသဖြင့် လက်ခံပါ၏-ဟူ၍ လျှောက်၏။
ထိုအခါ မြတ်စွာဘုရားက ဤအကျိုးသည် အမှန်ဖြစ်၏။ ပေးလှူတတ်သော အလှူရှင်သည် သေပြီးသည့်နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ဧကန်ပင် ရောက်ရှိရ၏-ဟူ၍ မိန့်တော်မူ၏။
( အင်္ဂုတ္တိုရ် သုမန၀ဂ်၊ သီဟသေနာပတိသုတ် )
======================================================မြတ်စွာဘုရားက သီဟ-သိမြင်နိုင်၏-ဟု မိန့်တော်မူကာ

ကြောက်ရွံ့သော ဥပါသကာနှင့် ရဲရင့်သော ဥပါသကာ
တခါသော် မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား
ကြောက်ရွံ့သော ဥပါသကာနှင့် ရဲရင့်သော ဥပါသကာ-တို့ ကွဲပြားခြားနာပုံကို ဤသို့ ဟောကြားတော်မူသည်။
ရဟန်းတို့၊ တရားငါးမျိုးနှင့်ပြည့်စုံသော ဥပါသကာသည် ကြောက်ရွံ့တတ်၏။
အဘယ်တရားငါးမျိုးတို့နည်း ဟူမူ
၁။ သူ့အသက်ကို သတ်လေ့ရှိခြင်း။
၂။ မပေးသည်ကို ယူလေ့ရှိခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
၎။ မဟုတ်မမှန် ပြောလေ့ရှိခြင်း။
၅။ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေအရက်ကို သောက်လေ့ရှိခြင်းတို့ ဖြစ်၏။
ရဟန်းတို့၊ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ဥပါသကာသည်ကား ရဲရင့်တတ်၏။
အဘယ်တရားငါးမျိုးတို့နည်း ဟူမူ-
၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ မပေးသည်ကို ယူုခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၎။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။
၅။ မူးယစ်မေ့လျောခြင်း၏ အကြောင်းရင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှေင်ကြဉ်ခြင်းတို့ ဖြစ်၏။
( အင်္ဂုတ္တိုရ် ဥပါသကာဝဂ်၊ ၁-သာရဇ္ဇသုတ် )
========================================================ကြောက်ရွံ့သော ဥပါသကာနှင့် ရဲရင့်သော ဥပါသကာ-တို့ ကွဲပြားခြားနာပုံကို ဤသို့ ဟောကြားတော်မူသည်။
ရဟန်းတို့၊ တရားငါးမျိုးနှင့်ပြည့်စုံသော ဥပါသကာသည် ကြောက်ရွံ့တတ်၏။
အဘယ်တရားငါးမျိုးတို့နည်း ဟူမူ
၁။ သူ့အသက်ကို သတ်လေ့ရှိခြင်း။
၂။ မပေးသည်ကို ယူလေ့ရှိခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
၎။ မဟုတ်မမှန် ပြောလေ့ရှိခြင်း။
၅။ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေအရက်ကို သောက်လေ့ရှိခြင်းတို့ ဖြစ်၏။
ရဟန်းတို့၊ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ဥပါသကာသည်ကား ရဲရင့်တတ်၏။
အဘယ်တရားငါးမျိုးတို့နည်း ဟူမူ-
၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ မပေးသည်ကို ယူုခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၎။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။
၅။ မူးယစ်မေ့လျောခြင်း၏ အကြောင်းရင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှေင်ကြဉ်ခြင်းတို့ ဖြစ်၏။
( အင်္ဂုတ္တိုရ် ဥပါသကာဝဂ်၊ ၁-သာရဇ္ဇသုတ် )
အဆွေခင်ပွန်းကောင်း ဟူသည်
တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပေါင်းဖော်အပ်သော အဆွေခင်ပွန်းကောင်းအကြောင်း
ဤသို့ ရှင်းပြ မိန့်တော်မူသည်
ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်အပ်၏။
ထိုအင်္ဂါ ခုနစ်ပါးကား-
၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။
၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။
၃။ မကောင်းဆိုသော စကားတို့ကို၎င်း၊ သည်းခံနိုင်ခဲသော အရာတို့ကို၎င်း သည်းခံ၏။
၎။ အဆွေခင်ပွန်းအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။
၅။ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏။
၆။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။
အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းမျိုးကို ပေါင်းဖော်အပ်၏။
( အင်္ဂုတ္တရနိကာယ်၊ ပထမမိတ္တသုတ် )
=======================================================ဤသို့ ရှင်းပြ မိန့်တော်မူသည်
ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်အပ်၏။
ထိုအင်္ဂါ ခုနစ်ပါးကား-
၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။
၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။
၃။ မကောင်းဆိုသော စကားတို့ကို၎င်း၊ သည်းခံနိုင်ခဲသော အရာတို့ကို၎င်း သည်းခံ၏။
၎။ အဆွေခင်ပွန်းအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။
၅။ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏။
၆။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။
အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းမျိုးကို ပေါင်းဖော်အပ်၏။
( အင်္ဂုတ္တရနိကာယ်၊ ပထမမိတ္တသုတ် )
ပျက်စီးခြင်း ငါးပါး
တနေ့သောအခါ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပျက်စီးခြင်းတို့နှင့် ပတ်သက်၍ ဤသို့ ဟောတော်မူသည်။
ရဟန်းတို့၊ သတ္တ၀ါတို့တွင် ပျက်စီးခြင်းတို့သည် ငါးမျိုးရှိ၏၊ ယင်းတို့မှာ-
၁။ အဆွေအမျိုးတို့၏ ပျက်စီးခြင်း။
၂။ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း။
၃။ အနာရောဂါ နှိပ်စက်မှုဟူသော ပျက်စီးခြင်း။
၎။ အကျင့်သီလ၏ ပျက်စီးခြင်း။
၅။ အယူ၏ ပျက်စီးခြင်းတို့တည်း။
ဤသို့ ပျက်စီခြင်း ငါးမျိုးရှိရာတွင် သတ္တ၀ါတို့သည်
အဆွေအမျိုးတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အနာရောဂါ နှိပ်စက်မှု ဟူသော ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါ ချမ်းသာကင်းသော ငရဲ၌ မဖြစ်ရကုန်။
အကျင့်သီလ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အယူ၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါတွင်ကား ချမ်းသာကင်းသော ငရဲ၌ ဖြစ်ရကုန်၏။
( အင်္ဂုတ္တရ ဂိလာန၀ဂ်၊ ဗျသနသုတ် )
========================================================ရဟန်းတို့၊ သတ္တ၀ါတို့တွင် ပျက်စီးခြင်းတို့သည် ငါးမျိုးရှိ၏၊ ယင်းတို့မှာ-
၁။ အဆွေအမျိုးတို့၏ ပျက်စီးခြင်း။
၂။ စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း။
၃။ အနာရောဂါ နှိပ်စက်မှုဟူသော ပျက်စီးခြင်း။
၎။ အကျင့်သီလ၏ ပျက်စီးခြင်း။
၅။ အယူ၏ ပျက်စီးခြင်းတို့တည်း။
ဤသို့ ပျက်စီခြင်း ငါးမျိုးရှိရာတွင် သတ္တ၀ါတို့သည်
အဆွေအမျိုးတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အနာရောဂါ နှိပ်စက်မှု ဟူသော ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါ ချမ်းသာကင်းသော ငရဲ၌ မဖြစ်ရကုန်။
အကျင့်သီလ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
အယူ၏ ပျက်စီးခြင်းကြောင့်ဖြစ်စေ၊
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသောအခါတွင်ကား ချမ်းသာကင်းသော ငရဲ၌ ဖြစ်ရကုန်၏။
( အင်္ဂုတ္တရ ဂိလာန၀ဂ်၊ ဗျသနသုတ် )
ကောင်းသောမင်္ဂလာ
တနေ့သောအခါ ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့မိန့်တော်မူသည်။
ရဟန်းတို့ နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသော နံနက်ခင်း ဖြစ်ပေ၏။
အလားတူပင် နေ့လယ်ခင်း၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား
ကောင်းသောနေ့ခင်း ဖြစ်ပေ၏။
ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသောညချမ်းအခါ ဖြစ်ပေ၏။
ဤသို့ ကောင်းသောအကျင့်နှင့် ပြည့်စုံသောနေ့သည် ကောင်းသောနက္ခတ်နှင့်လည်း ယှဉ်သည်မည်၏။
ကောင်းသောမင်္ဂလာလည်း ဖြစ်ပေသည်။
ကောင်းသော မိုးသောက်လည်း မည်၏။
ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏။
ကောင်းသော ခဏလည်း မည်၏။
ကောင်းသော မုဟုတ် ( ခဏ-ဟူသော အချိန်ကာလထက် အနည်းငယ်ပိုသော အချိန်ကာလ ) လည်း မည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောအခါဝယ် မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း ကောင်းစွာပူဇော်ခြင်းမည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောနေ့၌
ကိုယ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ကာယကံမည်၏။
နှုတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ၀စီကံမည်၏။
စိတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော မနောကံမည်၏။
ပွားစည်းသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။
ပွားစည်းသော ထိုကံတို့ကို ပြုပြီး၍ ပွားစည်းသော အကျိုးတို့ကို ရကုန်၏။
အကျိုးကိုရသော ထိုသူတို့သည် အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ မြတ်စွာဘုရား သာသနာတော်၌ ချမ်းသာကုန်၊ စည်ပင်ပြန့်ပွားကုန်သည်ဖြစ်၍ ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြလေကုန်သတည်း။
( ပုဗ္ဗဏှသုတ်-မင်္ဂလ၀ဂ်၊ အင်္ဂုတ္တရနိကာယ် )
===================================================ရဟန်းတို့ နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊

ကိုယ် နှုတ် စိတ် စောင့်စည်းခြင်း
တနေ့သ၌ အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်ရှိသော ပုဏ္ဏားအို နှစ်ယောက်သည်
မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် အရှင်ဂေါတမ-အကျွန်ုပ်တို့သည်
အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်သို့ ရောက်ကြပါပြီ၊
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် တည်းဟူသော အပါယ်လေးဘုံမှ ကင်းဝေးမည့် ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရသေးပါ၊ အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့်စွာ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်း ဖြစ်နိုင်သော အဆုံးအမကို ပေးတော်မူပါ-ဟူ၍ လျှောက်ထားကြ၏။
ထိုအခါ မြတ်စွာဘုရားက ပုဏ္ဏားတို့-ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်လျက် ရှိသည်၊ ထို့ကြောင့် မျက်မှောက်ဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊ နှုတ်ဖြင့်စောင့်စည်းခြင်း၊ စိတ်ဖြင့်စောင့်စည်းခြင်းတို့ ပြုရမည်။
ယင်းသို့ စောင့်စည်းမှုသည် တမလွန်ဘ၀သို့ ပြောင်းသွားသူ၏ ခိုကိုးရာလည်း ဖြစ်၏၊ ပုန်းအောင်းရာလည်း ဖြစ်၏၊ မှီခိုရာလည်း ဖြစ်၏၊ ကိုးကွယ်ရာလည်း ဖြစ်၏၊ လည်းလျောင်းရာလည်း ဖြစ်၏။
ပုဏ္ဏားတို့-အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင်အိုးခွက်စသောပစ္စည်းကို ထုတ်ယူထားအပ်၏၊ ထိုထုတ်ယူထားအပ်သည့် အိုးခွက်စသည့် ပစ္စည်းသည်၎င်း။ ထိုအိမ်၌ အကြင်အကြင်ပစ္စည်းကို မီးမလောင်၊ ထိုမီးမလောင်သော ပစ္စည်းတို့သည်၎င်း၊ အိမ်ရှင်၏အကျိုးငှါ ဖြစ်၏။
ဤအတူပင် သတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့ စွဲလောင်နေရာ ချမ်းသာကိုပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပြုခြင်းဖြင့် ထုတ်ယူအပ်၏၊ ပေးလှူအပ်ပြီးသော အလှူဒါနသည် ကောင်းစွာထုတ်ယူထားအပ်ပြီး မည်၏။
ဤမျက်မှောက်ဘ၀၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်၎င်း၊ အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်၎င်း၊ တမလွန်ဘ၀သို့ ပြောင်းသွားသူအား ချမ်းသာမှုကို ဖြစ်စေ၏-ဟူ၍ ဆိုဆုံးမတော် မူလေသည်။
( ဒုတိယ ဒွေဗြာဟ္မဏသုတ်၊ အင်္ဂုတ္တိုရ် )
=======================================================ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် တည်းဟူသော အပါယ်လေးဘုံမှ ကင်းဝေးမည့် ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရသေးပါ၊ အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့်စွာ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်း ဖြစ်နိုင်သော အဆုံးအမကို ပေးတော်မူပါ-ဟူ၍ လျှောက်ထားကြ၏။
ထိုအခါ မြတ်စွာဘုရားက ပုဏ္ဏားတို့-ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်လျက် ရှိသည်၊ ထို့ကြောင့် မျက်မှောက်ဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊ နှုတ်ဖြင့်စောင့်စည်းခြင်း၊ စိတ်ဖြင့်စောင့်စည်းခြင်းတို့ ပြုရမည်။
ယင်းသို့ စောင့်စည်းမှုသည် တမလွန်ဘ၀သို့ ပြောင်းသွားသူ၏ ခိုကိုးရာလည်း ဖြစ်၏၊ ပုန်းအောင်းရာလည်း ဖြစ်၏၊ မှီခိုရာလည်း ဖြစ်၏၊ ကိုးကွယ်ရာလည်း ဖြစ်၏၊ လည်းလျောင်းရာလည်း ဖြစ်၏။
ပုဏ္ဏားတို့-အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင်အိုးခွက်စသောပစ္စည်းကို ထုတ်ယူထားအပ်၏၊ ထိုထုတ်ယူထားအပ်သည့် အိုးခွက်စသည့် ပစ္စည်းသည်၎င်း။ ထိုအိမ်၌ အကြင်အကြင်ပစ္စည်းကို မီးမလောင်၊ ထိုမီးမလောင်သော ပစ္စည်းတို့သည်၎င်း၊ အိမ်ရှင်၏အကျိုးငှါ ဖြစ်၏။
ဤအတူပင် သတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့ စွဲလောင်နေရာ ချမ်းသာကိုပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပြုခြင်းဖြင့် ထုတ်ယူအပ်၏၊ ပေးလှူအပ်ပြီးသော အလှူဒါနသည် ကောင်းစွာထုတ်ယူထားအပ်ပြီး မည်၏။
ဤမျက်မှောက်ဘ၀၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်၎င်း၊ အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်၎င်း၊ တမလွန်ဘ၀သို့ ပြောင်းသွားသူအား ချမ်းသာမှုကို ဖြစ်စေ၏-ဟူ၍ ဆိုဆုံးမတော် မူလေသည်။
( ဒုတိယ ဒွေဗြာဟ္မဏသုတ်၊ အင်္ဂုတ္တိုရ် )
သူတော်ကောင်းနှင့် သူယုတ်မာ
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်
သူယုတ်မာတို့၏ အခြေခံသဘောကို၎င်း၊
သူတော်ကောင်းတို့၏ အခြေခံသဘောကို၎င်း၊
ဤသို့ ဟောကြားတော်မူ၏။
ရဟန်းတို့၊ သူယုတ်မာသည် ပြုဖူးသော သူ့ကျေးဇူးကို မသိ၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိ၊
ရဟန်းတို့ ဤသို့ပြုဖူးသော သူ့ကျေးဇူးကို မသိခြင်း၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏၊
ယင်းတို့သည် သူယုတ်မာတို့၏ အခြေခံသဘောတည်း။
ရဟန်းတို့၊ သူတော်ကောင်းတို့သည်ကား ပြုဖူးသောသူ့ကျေးဇူးကို သိ၏၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ သိ၏၊
ရဟန်းတို့ ဤသို့ ပြုဖူးသော သူ့ကျေးဇူးကို သိခြင်း၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ သိခြင်းကို သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏၊
ယင်းတို့သည် သူတော်ကောင်းတို့၏ အခြေခံသဘောပေတည်း။
( သမစိတ္တ၀ဂ်-အင်္ဂုတ္တိုရ်ပါဠိတော် )
========================================================သူယုတ်မာတို့၏ အခြေခံသဘောကို၎င်း၊
သူတော်ကောင်းတို့၏ အခြေခံသဘောကို၎င်း၊
ဤသို့ ဟောကြားတော်မူ၏။
ရဟန်းတို့၊ သူယုတ်မာသည် ပြုဖူးသော သူ့ကျေးဇူးကို မသိ၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိ၊
ရဟန်းတို့ ဤသို့ပြုဖူးသော သူ့ကျေးဇူးကို မသိခြင်း၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏၊
ယင်းတို့သည် သူယုတ်မာတို့၏ အခြေခံသဘောတည်း။
ရဟန်းတို့၊ သူတော်ကောင်းတို့သည်ကား ပြုဖူးသောသူ့ကျေးဇူးကို သိ၏၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ သိ၏၊
ရဟန်းတို့ ဤသို့ ပြုဖူးသော သူ့ကျေးဇူးကို သိခြင်း၊
ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ သိခြင်းကို သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏၊
ယင်းတို့သည် သူတော်ကောင်းတို့၏ အခြေခံသဘောပေတည်း။
( သမစိတ္တ၀ဂ်-အင်္ဂုတ္တိုရ်ပါဠိတော် )
လူမိုက် နှင့် ပညာရှိ
တခါသော် ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား လူမိုက်နှစ်မျိုးနှင့် ပညာရှိနှစ်မျိုးတို့၏ သဘောကို
ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့-လောက၌ လူမိုက် နှစ်မျိုးရှိ၏၊
တမျိုးသည်-မိမိ၏အပြစ်ကို အပြစ်ဟု မရှုသောသူတည်း။
ကျန်တမျိုးကား-တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံသူတည်း။
ရဟန်းတို့-လောက၌ ပညာရှိသည်လည်း နှစ်မျိုး ရှိ၏။
တမျိုးသည်-မိမိ၏ အပြစ်ကို အပြစ်ဟု ရှုသောသူတည်း။
ကျန်တမျိုးကား-တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်ခံသောသူတည်း။
( ဗာလ၀ဂ်-အင်္ဂုတ္တိုရ် ပါဠိတော် )
=======================================================ဤသို့ မိန့်ကြားတော်မူ၏။
ရဟန်းတို့-လောက၌ လူမိုက် နှစ်မျိုးရှိ၏၊
တမျိုးသည်-မိမိ၏အပြစ်ကို အပြစ်ဟု မရှုသောသူတည်း။
ကျန်တမျိုးကား-တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်မခံသူတည်း။
ရဟန်းတို့-လောက၌ ပညာရှိသည်လည်း နှစ်မျိုး ရှိ၏။
တမျိုးသည်-မိမိ၏ အပြစ်ကို အပြစ်ဟု ရှုသောသူတည်း။
ကျန်တမျိုးကား-တောင်းပန်ဝန်ချသူ၏ အပြစ်ကို တရားသဘောအတိုင်း လက်ခံသောသူတည်း။
( ဗာလ၀ဂ်-အင်္ဂုတ္တိုရ် ပါဠိတော် )
သူတော်ကောင်း ယောက်ျားမြတ်
၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို မေးသော်လည်း ထင်ရှားစွာပြု၍မပြော။
မမေးလျှင်ကား အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်) သူတပါး၏ ဂုဏ်မဲ့ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။
၂။ နောက်တမျိုးကား သူတော်ကောင်းယောက်ျားမြတ်သည် သူတပါး၏ ဂုဏ်ရှိစကားကို မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။
မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင် သူတပါး၏ဂုဏ်ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင် ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။
၃။ နောက်တမျိုးကား သူတော်ကောင်း ယောက်ျားမြတ်သည် မိမိ၏ ဂုဏ်မဲ့စကားကို မမေးသော်လည်း ထင်ရှားစွာပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင် မိမိ၏ဂုဏ်မဲ့ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင် ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊

၎။ နောက်တမျိုးကား ပညာရှိ ယောက်ျားမြတ်သည် မိမိ၏ဂုဏ်ကို မေးသော်လည်း ထင်ရှားစွာပြု၍ မပြော၊ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် မိမိ၏ဂုဏ်ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏၊
ဤသည်ကား အသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။
( စတုက္က အင်္ဂုတ္တိုရ်၊ ဒု ပဏ္ဏာသက ၊ ၃-အပဏ္ဏက၀ဂ်၊ ၃-သပ္ပုရိသသုတ်။ )
====================================================မမေးလျှင်ကား အထူးဆိုဖွယ်ရာမရှိ။

ကောင်းသောစကား
တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား စကား-နှင့် ပတ်သက်၍ ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာဆိုအပ်သည်မည်၏။
မကောင်းသဖြင့် ဆိုအပ်သည် မမည်။ အပြစ်လည်း မရှိ။ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။
အင်္ဂါငါးမျိုးဟူသည်-
၁။ အခါအားလျော်စွာ ပြောဆိုအပ်၏။
၂။ မှန်ကန်သောစကားကို ပြောဆိုအပ်၏။
၃။ သိမ်မွေ့သောစကားကို ပြောဆိုအပ်၏။
၎။ အကျိုးစီးပွားနှင့် စပ်သောစကားကို ပြောဆိုအပ်၏။
၅။ မေတ္တာစိတ်ဖြင့် ပြောဆိုအပ်၏။
( အင်္ဂုတ္တိုရ်ပါဠိတော် ၀ါစာသုတ် )
======================================================ရဟန်းတို့၊ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာဆိုအပ်သည်မည်၏။
မကောင်းသဖြင့် ဆိုအပ်သည် မမည်။ အပြစ်လည်း မရှိ။ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။
အင်္ဂါငါးမျိုးဟူသည်-
၁။ အခါအားလျော်စွာ ပြောဆိုအပ်၏။
၂။ မှန်ကန်သောစကားကို ပြောဆိုအပ်၏။
၃။ သိမ်မွေ့သောစကားကို ပြောဆိုအပ်၏။
၎။ အကျိုးစီးပွားနှင့် စပ်သောစကားကို ပြောဆိုအပ်၏။
၅။ မေတ္တာစိတ်ဖြင့် ပြောဆိုအပ်၏။
( အင်္ဂုတ္တိုရ်ပါဠိတော် ၀ါစာသုတ် )
ခြင်္သေ့မင်း ဥပမာ
တနေ့သ၌ မြတ်စွာဘုရားသခင်သည် တရားတော်ကို မိမိလေးစားရိုသေပုံကို ခြင်္သေ့မင်းနှင့် ဥပမာပြု၍
ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ ခြင်္သေ့မင်းသည် အကယ်၍ ဆင်ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏။
မလေးမစား မသတ်ပုတ်။
အလားတူပင် ကျွဲ နွား သစ်တို့ကို သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏။
မလေးမစား မသတ်ပုတ်။
အယုတ်သဖြင့် ယုန် ကြောင် စသော ငယ်သောသတ္တ၀ါတို့ကိုပင် သတ်ပုတ်မူလည်း လေးလေးစားစားသာလျှင် သတ်ပုတ်၏။ မလေးမစား မသတ်ပုတ်။
ထိုသို့ လေးလေးစားစား သတ်ပုတ်ခြင်းသည် အဘယ့်ကြောင့်နည်း။
ငါ၏ အားထုတ်မှု လမ်းစဉ်သည် မပျက်စီးပါစေလင့်-ဟု နှလုံးသွင်းသောကြောင့်တည်း။
ရဟန်းတို့၊ ငါဘုရားသည်လည်း ရဟန်းတို့ကို တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏။ မလေးမစား မဟောကြား။
အလားတူပင် ရဟန်းမ ဥပါသကာ ဥပါသိကာမတို့ကို တရားဟောမူလည်း လေးလေးစားစားစာလျှင် ဟောကြား၏။ မလေးမစား မဟောကြား။
အယုတ်သဖြင့် ထမင်းစား ကျွန်ခံ၊ မုဆိုး စသော ပုထုဇဉ်တို့ကိုပင် တရားဟောမူလည်း လေးလေးစားစားသာလျှင် ဟောကြား၏။ မလေးမစား မဟောကြား။
ထိုသို့ လေးလေးစားစား ဟောကြားခြင်းသည် အဘယ့်ကြောင့်ပါနည်း။
ငါဘုရားသည် တရားကိုလေးစား၊ တရားကို ရိုသေသောကြောင့်တည်း။
( အင်္ဂုတ္တိုရ်ပါဠိတော်-သီဟသုတ် )
========================================================ဤသို့ မိန့်တော်မူသည်။

စင်္ကြံလျှောက်ခြင်း အာနိသင်
တနေ့သ၌ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို တရားဟောရာမှ စင်္ကြံလျှောက်ခြင်း၏ အာနိသင် ငါးပါးတို့ကို ဤသို့ ဟောတော်မူသည်။
ရဟန်းတို့ စင်္ကြံလျှောက်ခြင်းဖြင့်-
၁။ ခရီးရှည် သွားနိုင်၏။
၂။ ကြိုးစားအားထုတ်နိုင်၏။
၃။ အနာရောဂါ ကင်း၏။
၎။ စားသောက်သမျှသော အစာအာဟာရသည် ကောင်းစွာ ကြေကျက်နိုင်၏။
၅။ သမာဓိ တည်းဟူသော တည်ကြည်မှုသည် ကြာမြင့်စွာ တည်တံ့နိုင်၏။
( အင်္ဂုတ္တိုရ်ပါဠိတော် စင်္ကမသုတ် )
=====================================================ရဟန်းတို့ စင်္ကြံလျှောက်ခြင်းဖြင့်-
၁။ ခရီးရှည် သွားနိုင်၏။
၂။ ကြိုးစားအားထုတ်နိုင်၏။
၃။ အနာရောဂါ ကင်း၏။
၎။ စားသောက်သမျှသော အစာအာဟာရသည် ကောင်းစွာ ကြေကျက်နိုင်၏။
၅။ သမာဓိ တည်းဟူသော တည်ကြည်မှုသည် ကြာမြင့်စွာ တည်တံ့နိုင်၏။
( အင်္ဂုတ္တိုရ်ပါဠိတော် စင်္ကမသုတ် )
အသက်တိုခြင်း အသက်ရှည်ခြင်း
တနေ့တွင် မြတ်စွာဘုရားသခင်သည် ရဟန်းတို့အား အသက်တိုခြင်း အသက်ရှည်ခြင်းနှင့် စပ်လျဉ်း၍ ဤသို့မိန့်တော်မူ၏။
ရဟန်းတို့၊ အသက်တိုခြင်း အကြောင်းတရား ၅-မျိုးရှိသည်။
ယင်းတို့မှာ-
၁။ မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း။
၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်ခြင်း။
၃။ မကြေကျက်လွယ်သော အစာကို စားလေ့ရှိခြင်း။
၎။ သီလမရှိခြင်း။
၅။ ယုတ်မာသော အဆွေခင်ပွန်း ရှိခြင်းတို့တည်း။
ရဟန်းတို့၊ အသက်ရှည်ခြင်း အကြောင်းတရား ၅-မျိုးရှိ၏။
ယင်းတို့မှာ-
၁။ လျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း။
၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိတတ်ခြင်း။
၃။ ကြေကျက်လွယ်သော အစာကို စားလေ့ရှိခြင်း။
၎။ သီလရှိခြင်း။
၅။ အဆွေခင်ပွန်းကောင်း ရှိခြင်းတို့တည်း။
( အင်္ဂုတ္တိုရ် ၃-ဂိလာန၀ဂ်၊ ၆-ဒုတိယ အနာယုဿာသုတ် )
=========================================================
ရဟန်းတို့၊ အသက်တိုခြင်း အကြောင်းတရား ၅-မျိုးရှိသည်။
ယင်းတို့မှာ-
၁။ မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း။
၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်ခြင်း။
၃။ မကြေကျက်လွယ်သော အစာကို စားလေ့ရှိခြင်း။
၎။ သီလမရှိခြင်း။
၅။ ယုတ်မာသော အဆွေခင်ပွန်း ရှိခြင်းတို့တည်း။
ရဟန်းတို့၊ အသက်ရှည်ခြင်း အကြောင်းတရား ၅-မျိုးရှိ၏။
ယင်းတို့မှာ-
၁။ လျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း။
၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိတတ်ခြင်း။
၃။ ကြေကျက်လွယ်သော အစာကို စားလေ့ရှိခြင်း။
၎။ သီလရှိခြင်း။
၅။ အဆွေခင်ပွန်းကောင်း ရှိခြင်းတို့တည်း။
( အင်္ဂုတ္တိုရ် ၃-ဂိလာန၀ဂ်၊ ၆-ဒုတိယ အနာယုဿာသုတ် )
ချီးမွမ်းထိုက်သော သားသမီး
ဤသို့ မိန့်တော်မူသည်။
ရဟန်းတို့၊ မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီး အလိုရှိကုန်၏။
ယင်းအကြောင်း ၅-မျိုးမှာ-
၁။ ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အမွေခံ ဖြစ်ပေလိမ့်မည်။
၅။ ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်။
ဟူသော အချက်များ ဖြစ်သည်။
ရဟန်းတို့၊ ဤအကြောင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည် သားသမီးကို လိုချင် တောင့်တကြကုန်၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော, ငြိမ်သက်သော စိတ်ရှိသော, သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။
ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။
ရဟန်းတို့၊ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။
( အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )
ဆုံးမစာတွေ ဖတ်ခွင့်ရလို့ ကျေးဇူးင်ပါတယ်ရှင့် တူသောအကျိုးပေးပါစေရှင့်
ReplyDeleteကျေးဇူးတင်ပါတယ် အခုလိုမျိုးcomment ရေးသူတစ်ဦးတစ်ယောက်မှလည်းမတွေ့ကြုံဖူးပါဘူး ဒါ မထမဆုံးcommentဖြစ်ပါတယ် အထူးလည်းဝမ်းသာစွာကျေးဇူးတင်ရှိပါတယ်။ ဒီဘလောကတော့ အမြဲတမ်းလည်း မသုံးဖြစ်ပါဘူး တင်လည်းမတင်ဖြစ်ပါဘူး အားလပ်တဲ့အချိန်မှ တင်ဖြစ်တာပါ ကျေးဇူးတင်ပါတယ်။
Delete