ဗုဒ္ဓသာသနာ့အောင်လံတော်အကြောင်းသိ ကောင်းစရာ
ဗုဒ္ဓကျေးဇူးဖောင်ဒေးရှင်းဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ်လှူဒါန်းသည်။
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ် နီမှာပညာ၊ ဖြူ ရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာ ကင်းပြောင် လိမ္မော်ရောင်နှင့် ရောင်စဉ်ဖြာဖြာသင်္ကေတမှာ အရိယာ၏ ဖော်ညွှန်းဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ခြည် ဓမ္မစေတီ။
သမိုင်း
အောင်လံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိ လင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘိုကော်မ တီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ကော်မတီမှာ Ven. Hikkaduwe Sri Sumangala Thera (ဥက္ကဌ), Ven. Migettuwatte Gunananda Thera,DonCarolisHewavitharana(အနာဂါရိကဓမ္မပါလအရှင်ရဲ့ဖခင်), Andiris Perera Dharmagunawardhana (အရှင်အနာဂါရိ က ဓမ္မပါလအရှင် ရဲ့ မိခင်ဘက်က အဖိုး), William de Abrew, Charles A. de Silva, Peter de Abrew, H. William Fernando, N. S. Fernando and Carolis Pujitha Gunawardena (အတွင်းရေးမှုး) တို့ပါဝင်ပါ တယ်။ အောင်လံတော်ကို ၁၈၈၅ ခုနှစ် ဧပြီ
လ ၁၇ ရက်နေ့ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့ပြီး Vesak Day (ကျွန်မတို့ရဲ့ ကဆုန်လပြည့်နေ့) ဖြစ်တဲ့ ၁၈၈၅ ခုနှစ် မေလ ၂၈ ရက်နေ့မှာ Kotahe na အရပ်မှာရှိတဲ့ Dipaduttamarama မှာ Ven. Migettuwatte Gunananda Thera က လူထုမြင်ကွင်းမှာ ပထမဆုံး လွှင့်တင်ခဲ့ ပါတယ်။ အဲဒီနေ့ဟာ ဗြိတိသျှတို့ အုပ်စိုးတဲ့ ကာလမှာ ပထမဆုံး Vesak ပြည်သူ့ရုံးပိတ် ရက်ဖြစ်ခဲ့ပါတယ်။
Theosophical အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ အမေရိကန် ဂျာနယ်လစ် ဗိုလ်မှူးကြီး ဟန်နရီ စတီးလ်အိုလ်ကော့တ်က အောင်လံတော်ရဲ့ ရှည်လျားတဲ့ အတန်းလိုက်ပုံသဏ္ဍာန်ဟာ နေ ရာတိုင်းမှာ အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ထင်မြင်တာကြောင့် ပြောင်းလဲပြင်ဆင်ဖို့ အ ကြံပေးခဲ့ပါတယ်။ ဒါကြောင့် အောင်လံတော် ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဟာ နိုင်ငံတော် အောင်လံတွေအတိုင်း ဖြစ်လာပါတယ်။ အဲဒီ နောက် ပြုပြင်မှုတွေကိုသင့်တော်သလိုပြုလုပ်
ခဲ့ပါတယ်။
အသစ်ပြင်ဆင်ထားတဲ့အောင် လံတော်ကို ၁၈၈၆ခုနှစ် ဧပြီလ၈ရက်နေ့မှာ Sarasavi Sandaresa
သတင်းစာမှာပဲ ပုံနှိပ် ဖြန့်ဝေခဲ့ပြီး ၁၈၈၆ ခုနှစ် Vesak Day(ကဆုန် လပြည့်နေ့) မှာ
လူထုမြင်ကွင်းမှာ လွှင့်တင်ခဲ့ ပြန်ပါတယ်။၁၈၈၉ခုနှစ်မှာအနာဂါရိကဓမ္မပါလအရှင်နဲ့အိုလ်ကော့တ်တို့က
ဂျပန်ဘုရင်ကို
အောင်လံတော်ပြသပြီးဂျပန်နိုင်ငံနဲ့
စတင် မိတ် ဆက်ပေးခဲ့ပြီးနောက် တစ်ဆက်ထဲမှာ ပင် မြန်မာနိုင်ငံကိုလည်း ဆက်လက်မိတ် ဆက်ပေးခဲ့ပါတယ်။
၁၉၅၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပ ခဲ့တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ ညီလာခံ (Con ference of the World Fellowship of Bud dhists) ဖွင့်ပွဲမှာ တည်ထောင်သူ ဥက္ကဌ ပါ မောက္ခကြီး G P Malasekera က အောင်လံ တော်ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာ သာဝင် တွေရဲ့အောင်လံတော်အဖြစ် ရွေးချယ်သတ် မှတ်ဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်ကိုတစ် ညီတစ်ညွှတ်ထဲ အဆင့်ဆင့်ဖြန့်ဝေကြပြီး ပျံ့နှံ့ သွားပါတယ်။
အရောင်များ
အောင်လံတော်မှာပါဝင်တဲ့ အရောင်ငါး မျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတ ဥာဏ် တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူး ထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ် ကိုကိုယ်စားပြုပါတယ်။
(၁) ပြာသောရောင်ခြည် (နီလ)=ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့် ကျက်သော မေတ္တာတော်။
(၂) ဝါသောရောင်ခြည် (ပီတ)= အလယ် အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိ လက် လွတ် နေခြင်းများကို ရှောင်ကျဉ်ခြင်း။
(၃) နီမောင်းသောရောင်ခြည် (လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိ ဥာဏ်၊ သီလ၊ ကံ နှင့်စောင့်စည်းမှု။
(၄) ဖြူသောရောင်ခြည် (သြဒါတ)= တရား ဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့် အသတ်တို့ကို လွန်မြောက်၍ သံသရာ ဝဋ် ဆင်း ရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
(၅) လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟော ကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။
(၆) အောင်လံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးတွေနဲ့ ပေါင်းစပ် ပြု လုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော် ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စား ပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကိုရည်ညွှန်းပါတယ်။
တိဗက်မှာတော့ အောင်လံတော်ထဲက လိုင်း တွေဟာ (ကမ္ဘာတလွှားက) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများရဲ့သင်္ဃန်း အရောင်မျိုးစုံ ကို အောင်လံတံခွန်တစ်ခုထဲမှာ တစ်စုအောင်

လံတံခွန်တစ် ခုထဲမှာ တစ်စုတစ်စည်း ထဲ ဖော်ညွှန်းပါတယ်။
တိဗက်ဘုန်းတော်ကြီး များရဲ့ သက္ကန်းဟာ ကြက်သွေးရောင် ဖြစ်ပါ တယ်။ ဒါကြောင့် အောင်လံတော် မူရင်းပုံစံ
ထဲက လိမ္မော်ရောင်ကို
တခါတရံ ကြက်သွေး ရောင်နဲ့ အစားထိုးတတ်ကြပါတယ်။ ဂိုဏ်း ဂဏဆိုင်ရာ
မူကွဲများ ဂဏခွဲခြားမှုမရှိတဲ့ ဗုဒ္ဓ
ဘာသာအောင်လံတော်ကတော့ ဘုန်းတော် ကြီးကျောင်းပေါင်းများစွာရဲ့ အထက်မှာလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေ တွေမှာ တော့သူတို့ရဲ့ဟောကြားသင်ပြတဲ့ ပုံ
ဘာသာအောင်လံတော်ကတော့ ဘုန်းတော် ကြီးကျောင်းပေါင်းများစွာရဲ့ အထက်မှာလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေ တွေမှာ တော့သူတို့ရဲ့ဟောကြားသင်ပြတဲ့ ပုံ
စံကို အသားပေး အလေးထား တဲ့အနေနဲ့
အောင်လံတော်ရဲ့အရောင်တွေကို ပြောင်း လဲထားတာတွေ ရှိပါတယ်။~ ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့အောင်လံတော်ပေါ်က
လိမ္မော်ရောင်လိုင်းကို ပန်းရောင်လိုင်းနဲ့အ စားထိုးပါတယ်။~ နိပေါနိုင်ငံက တိဗက် ဗုဒ္ဓ
ဘာသာဝင်တွေကတော့ လိမ္မော်ရောင် လိုင်း ကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။
~ မြန်မာနိုင်ငံက ထေရဝါဒ ဗုဒ္ဓဘာသာ ဝင် တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်း ပုတ် ရောင်နဲ့ အစားထိုးပါတယ်။~ ဂျပန် နိုင် ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။
~ မြန်မာနိုင်ငံက ထေရဝါဒ ဗုဒ္ဓဘာသာ ဝင် တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်း ပုတ် ရောင်နဲ့ အစားထိုးပါတယ်။~ ဂျပန် နိုင် ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။
ဗဟုသုတတိုးပွါးစေခြင်းငှါ ၁၃၇၅ ခုနှစ်၊ တော်သလင်းလပြည့်၊ ဂရုဓမ္မအခါတော်
နေ့တွင် ဆွမ်းတော် ကြီးကပ်လှူပူဇော်ပွဲ မင်္ဂလာနှင့် ဗုဒ္ဓကျေးဇူး ဖောင်ဒေးရှင်းကိုပါ
တည်ထောင်ခြင်းအထိမ်းအမှတ်ဖြင့် သာသ နာ့အောင်လံတော်စိုက်ထူပွဲကိုပါ တစ်ဆက် တည်းကျင်းပ
ပြုလုပ်ပါသဖြင့်ဝမ်းမြောက် စွာသာဓုခေါ်ဆိုနိုင်ရန် ဖြန့်ဝေလှူဒါန်းအပ် ပါသည်။
ဆက်သွယ်ရန်
ဗုဒ္ဓကျေးဇူး ဖောင်ဒေးရှင်း
အမှတ်(၅) စိုက်ပျိုးရေးဇုန်၊
မြ၀တီမြို့၊ကရင်ပြည်နယ်
(+66 0905673426)
v မြင့်မြတ်သော ပရဟိတ စိတ်ဓာတ်ဖြင့်
ထာဝရကုသိုလ် ရကြစေရန် ဗုဒ္ဓကျေးဇူး ဖောင်ဒေးရှင်း သို့ ပူပေါင်းပါဝင်ကြပါစို့ …
No comments:
Post a Comment