Sunday, 22 September 2013

သိမ်လှူဒါန်းရခြင်းအကျိုး




              သိမ်လှူဒါန်းရခြင်းအကျိုး


“သိမ်ဆိုသည်မှာ ရဟန်းသံဃာတော်များ ကံကြီး၊ကံငယ်ပြုလုပ်ရန် သီးခြား သတ်မှတ်ပိုင်းခြား
ထားသော နေရာဌာန တစ်ခုဖြစ်ပါသည်။ဝိနည်းမဟာဝါခန္ဓက၌မြတ်စွာဘုရားရှင်သည်အတူနေ
သံဃာများ အတူဥပုသ်ကံစသည်တို့ပြုခြင်းဖြင့်ညီညွတ်မူကိုဖြစ်စေလိမ့်မည်ဟုရည်ရွယ်၍ သိမ်သမုတ်ခြင်းကို မြတ်ဗုဒ္ဓ ခွင့်ပြု ခဲ့ပါသည်။             ဤ”ရတနာစံဦး”သိမ်တော်မြတ်သည်လည်း ၀ိနည်းစည်းကမ်းနှင့်အညီအလိုရှိသလောက်မြေကွက်ကိုသတ်မှတ်ပိုင်းခြားလျှက်သံဃာအားလုံးအညီအညွတ် ကံပြုရာဌာနအဖြစ်ဖြင့်သံဃာတော်များကသမုတ်ထားသောသိမ်ဖြစ်ပါသည်.မြတ်ဗုဒ္ဓသာသနာတော်အတွက်မရှိမဖြစ် အဓိကအရေးပါသောနေရာမှာသိမ်ဖြစ်၍သိမ်ရှိမှသာသနာတည်ရှိနိုင်၏။သိမ်ရှိမှရဟန်းသံဃာတော်များ မွေးဖွါးရှင်
သန်နေမည်ဖြစ်ပါသဖြင့် ဘုရားမှာ”စိန်”သင်္ကန်းမှာ”ကထိန်” ကျောင်းမှာ”သိမ်”ဟုအဆိုရှိကြလေသည်။ ကျောင်းအလှူများအနက် သိမ်အလှူကိုအမြတ်ဆုံးလို့ဆိုထားလေသည်။   သာသနာတော်၏အသက် မြတ်ဗုဒ္ဓ၏အာဏာစက်ဖြစ်
သောကမ္မ၀ါစာဖြင့်သမုတ်ထားသည့်အတွက်ကြောင့်လှူဒါန်းသူများမှာလည်းအဆင်းလှခြင်း၊ချမ်းသာကြီး
ခြင်း၊အစရှိသောကြီးမားသောအကျိုးထူးများကိုရရှိနိုင်ကြပေသည်။သိမ်ဝင်ပစ္စည်းသည်လည်း-ဘေးအန္တရာယ်အသွယ်
သွယ်တို့မှကင်းပျောက်ခြင်းစသောအကျိုးထူးများကိုပေးစွမ်းနိုင်လေသည်။သို့ဖြစ်သောကြောင့်ကြုံခဲ့လှသောသိမ်တော်မြတ်
 ဆောက်လုပ်ရာတွင်ကုသိုလ်ပါဝင်လှူဒါန်းကြသဖြင့်အငြိမ်းဓါတ်ချမ်းသာဖြစ်သောသန္တိသုခချမ်းသာမြတ်ကိုရရှိ
စေနိုင်သည့်ကုသိုလ်ထူးကိုဆည်းပူးနိုင်ကြစေသတည်း။

ဤသို့ပေါင်းစု ကြောင်းကျိုးရှုသော် -ကောင်းမှုအရွယ်၊မကြီးကျယ်လည်း၊စိတ်ဝယ်ဖြစ်ပွါး၊သဒ္ဓါအားနှင့်၊ ဥာဏ်အားသီလ၊ကြီးကျယ်ကြ၍၊ အကျိုးတွေမှာ၊ တစ်စေ့ညောင် လောက်၊ ပင်ကြီးပေါက်သည်၊ နောက်နောက်ယူဖွယ်အတုတည်း။
    ဓမ္မဒါန  (20.2.2013)

No comments:

Post a Comment