Sunday, 22 September 2013

အသောကကျောက်တိုင်ကြီး ၄-တိုင်



                           အသောကကျောက်တိုင်ကြီး ၄-တိုင်
                           ******************************
ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော အသောကမင်းကြီး(ခေါ်) သီရိဓမ္မာသောက မင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးယုံကြည်သက်ဝင်သူ ဖြစ်သည်။ အထူးကိုးကွယ် ဆည်းကပ်သူလည်း ဖြစ်သည်။
သူသည် ဗုဒ္ဓသာသနာ ထွန်းကားရေးအတွက် အမှတ်အသားအဖြစ် အိန္ဒိယပြည်၌ ကျောက်တိုင်ကြီး ၄-တိုင် စိုက်ထူထားခဲ့သည်။
                    ၁။ နွားလားဥသဘရုပ် ကျောက်တိုင်
                    ===================
အသောကမင်းကြီးသည် ကောလိယတိုင်း ရွာမရွာ အနီးတွင်
ကျောက်တိုင်ကြီး တခု စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်ထိပ်ပေါ်တွင်
နွားလားဥသဘရုပ်ကို အထွတ်တင်ထားသည်။ အဓိပ္ပါယ်မှာ "ငါသည် တိုင်းပြည်နှင့် သာသနာအတွက် နွားကဲ့သို့ သည်းခံ၍ ရုန်းကန်တော့မည်"ဆိုသော ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းဖြစ်သည်။
 
                            ၂။ သိန္ဓောမြင်းရုပ် ကျောက်တိုင်
                               ================
ထို့ပြင် အသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီတွင်လည်း ကျောက်တိုင် စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်၏ ထိပ်ပေါ်တွင် သိန္ဓောမြင်းရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် သာသနာနှင့် လူသားတို့အတွက် မြင်းကဲ့သို့ လျင်မြန် သွက်လက်စွာ ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် မြင်းရုပ်ကို ထားရှိခြင်း ဖြစ်သည်။

                           ၃။ ဆင်ရုပ် ကျောက်တိုင်
                           ==============
ထို့ပြင် အသောကမင်းကြီးသည် သင်္ကဿ မြို့တံခါးဝတွင် ကျောက်တိုင်တခု စိုက်ခဲ့ပြန်သည်။ သင်္ကဿ မြို့သည် မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောကြားပြီးနောက် တာဝတိံသာမှ ဆင်းသက်ရာနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင် ဆင်ရုပ်ကို အထွတ်တင်ထားသည်။ "ငါသည် တိုင်းပြည်နှင့် သာသနာတော်အတွက် ဆင်ကဲ့သို့ ခွန်အားအပြည့်ဖြင့် ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ဆင်ရုပ်ကို ထားရှိခြင်းဖြစ်သည်။

                        ၄။ ခြင်္သေ့ရုပ် ကျောက်တိုင်
                      ================
ထို့ပြင် အသောကမင်းကြီးသည် ဗာရာဏသီ မိဂဒါဝုန်တွင် ကျောက်တိုင်ကြီး တတိုင် စိုက်ထူထားပြန်သည်။ မိဂဒါဝုန်မှာ ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို ပထမဦးဆုံးသော တရားတော်ဖြစ်သည့် ဓမ္မစကြာ တရားတော်ကို ဟောတော်မူသောနေရာ ဖြစ်သည်။ ထိုကျောက်တိုင်ထိပ်တွင်ကား သီဟရာဇာ ခြင်္သေ့ရုပ် အထွတ်တင်ထားသည်။ "ငါသည် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး သယ်ပိုးရာ၌၄င်း၊ တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်ရာ၌၄င်း၊ ခြင်္သေ့ကဲ့သို့ သတ္တိရှိရှိ ပြုလုပ်ဆောင်ရွက်မည်"ဟူသော ရည်ရွယ်ချက်ဖြင့် ခြင်္သေ့ရုပ်ကို ထားရှိခြင်းဖြစ်သည်။

______________________________________

ထေရဝါဒ တို့တိုင်းပြည် ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

ဆရာတော် သုံးပါးတို့၏ သြဝါဒများ။
အ ထင် မ လွဲ ပါ နဲ့။
ဆုံးဖြတ် ရဲသူကို
ဇွတ်တရွတ် ဆန်တယ်။
ချင့်ချိန်တတ်သူကို
သူရဲဘော ကြောင် တယ်။
ရက်ရောသူကို
လက်ဖွာတယ်။
စည်းကမ်းနဲ့ ပေးသူကို
ကပ်စေးနည်းတယ်။
ဦးဆောင် နိုင် သူကို
နေရာယူတယ်။
ကျွမ်းကျင် သူကို
လည်လွန်းတယ်လို့
အထင် မလွဲ ပါနဲ့။

(ဓမ္မဒူတ အရှင် ဆေကိန္ဒ)

*************************************

သံယောဇဉ်ပြတ်တာ
အမှန်ပြောရင် မြတ်ပါတယ်။
သံယောဇဉ်ပြတ်တာကို
မေတ္တာကင်းမဲ့တယ်လို့
သံယောဇဉ်ပျော်
ကိလေသာ သမားတွေက
ကဲ့ရဲ့ ရှုတ်ချကြ ပေမယ့်…
တကယ်တော့
သံယောဇဉ်ပြတ်တာဟာ
ပညာရှိ သူတော်ကောင်းတွေရဲ့
ကိလေသာ ငြိမ်းအေးခြင်း
ဂုဏ်တစ်မျိုးပါ။
သံယောဇဉ်ပြတ်တာနဲ့
မေတ္တာကင်းမဲ့တာလည်း
လုံးဝမတူပါဘူး။
သံယောဇဉ် ဆယ်မျိုးရှိတဲ့ အထဲက
လူတွေ ပြောပြောနေတဲ့
သံယောဇဉ် ဆိုတာ
ကာမရာဂ သံယောဇဉ်ဆိုတဲ့
တဏှာကို ပြောတာဖြစ်လို့
တဏှာဆိုတာ
ပြတ်လေ ကောင်းလေပါပဲ။

(အရှင် ဆန္ဒာဓိက)- ရွှေပါရမီတောရ။

**************************************


တစ် ရက် ကုန် သွား သော်။

လူတစ်ယောက်ဟာ
တစ် ရက်ကုန်သွားတာနဲ့
သေဖို့ တစ် ရက် နီးနီးသွားတာပါ။
သေဖို့တစ် ရက်နီးသွားတာနဲ့
ကုသိုလ်ပြုဖို့ အခွင့်အရေးတွေ
တစ် ရက် လျော့သွားတာပါ။
ပြီးတော့……
တစ် ရက်ကုန်သွားတာနဲ့
အို အို သွားတာပါ။
တိုးတိုးပြီး ပျိုမလာပါဘူး။

(အရှင် ရာဇိန္ဒ)
ရ ဝေ နွယ် (အင်းမ)

**************************************

ဆရာတော် အရှင် သူမြတ်တို့အား
ကြည်ညိုမြတ်နိုး လက်စုံမိုး၍
ရှိခိုးကန်တော့ပါသည်
အရှင် သူမြတ်တို့ ဘုရား။
သူတော်ကောင်းဓာတ် တရားမြတ်
လွှမ်းပတ်ကမ
ာ တည်ပါစေ။

No comments:

Post a Comment