ဗုဒ္ဓဘာသာဝင်များအားလုံးတို့၏
ယုံကြည်ကိုးကွယ်
နေကြသည့်
မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်ထဲမှ…
၁။
ဘုရားဆုပန် ဗျာဒိတ်တော်ခံယူတော်မူသောနေ့၊
၂။
ဘုရားရှင်မွေးဖွါး သန့်စင်တော်မူသောနေ့၊
၃။
သစ္စာသိမြင် သဗ္ဗညုတ ဘုရားဖြစ်တော်မူသောနေ့၊
၎။
ခန္ဓာဇာတ်သိမ်း မဟာပရိနိဗ္ဗာန် ၀င်စံတော်မူသောနေ့၊
ဗုဒ္ဓဘာသာဝင်အားလုံးတို့၏
နေ့ထူး ရက်မြတ်ဖြစ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကို အမှတ်ရကြစေရန်နှင့်၊
မိမိဘာသာတရားအပေါ် အလေး
ထား
ကုသိုလ်ပွါးကြစေရန် ရည်ရွယ်ချက်ဖြင့် မြတ်ဗုဒ္ဓ၏
မွေးနေ့
ကဆုန်လပြည့် သောကြာနေ့နှင့်တိုက်ဆိုင်၊
အိန္ဒိယနိုင်ငံမှ
ပင့်ဆောင်လာသော မဟာဗောဓိပင်ရောက်ရှိ
လာသည်နှင့်လည်းတိုက်ဆိုင်နေသောကြောင့်ဤပွဲတော်ကို
ကျင်းပပြုလုပ်ရခြင်းပင်ဖြစ်ပါကြောင်း။
သာသနာတော်၏
နှစ်သစ်မင်္ဂလာတွင် ဗုဒ္ဓဘာသာဝင်များ
ကိုယ်စိတ်နှစ်ဖြာ၊ချမ်းသာစွာဖြင့်၊သာသနာသုံးခန်း၊ဖြည့်စွမ်း
ပွင့်လန်းနိုင်ကြပါစေ
။
ဦးက၀ိပီယ ၊ဗုဒ္ဓကျေးဇူးကျောင်း၊မြ၀တီမြို့၊

ကဆုန်လပြည့်
ဗုဒ္ဓနေ့ တရားပွဲ
ဖိတ်ကြားလွှာ
@@@@@@@@@
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓမြတ်စွာဘုရားရှင်
ပွင့်ထွန်းတော်မူရာ မဟာဗောဓိမှ ပင့်ဆောင်တော်မူလာသော မဟာဗောဓိ ညောင်ပင်ကိုကဆုန်လပြည့်ဗုဒ္ဓနေ့ဗုဒ္ဓကျေးဇူးကျောင်းတွင်
မြေချစိုက်ပျိုးခြင်းမင်္ဂလာနှင့်၊ ကဆုန်ညောင်ရေ
သွန်းပွဲ အထူးညတရားပွဲကို
(ဆရာတော် အရှင်ဇနိန္ဒ) မှ ဟောကြားမည်ဖြစ်ပါ၍ တရားတော်နာကြွရောက်ကြ
ပါရန် ဖိတ်ကြားအပ်ပါသည်။
|
အစီအစဉ်
နေ့ရက်၊
ကဆုန်လပြည့် ဗုဒ္ဓနေ့ (၂၄.၅.၂၀၁၃)
သောကြာနေ့ ။
နေရာ၊ ဗုဒ္ဓကျေးဇူးကျောင်း ၊စိုက်\ဇုန်၊မြ၀တီမြို့၊
၁။ နံက်(၀၇) နာရီ သံဃာတော်များနှင့် ကျောင်းသား
ကျောင်းသူလေးများအား ရခိုင်မုန့်တီလှူဒါန်း ၊
၂။ နံက် (၀၉း၄၅) တွင် မဟာဗောဓိညောင်ပင်
ကို မြေချ စိုက်ပျိုးခြင်း မင်္ဂလာ ၊
၃။
နေ့လည် (၀၃) နာရီတွင် ရပ်ကွက်အတွင်းသို့
ဆွမ်းဆန်စိမ်းကြွရန် ။
၎။
ညနေ (၀၄) နာရီ ကဆုန်ညောင်ရေသွန်းပွဲ မင်္ဂလာ၊
၅။
ညနေ (၀၇) နာရီ တရားတော်နာယူကြရန် ။
|
|
No comments:
Post a Comment