မျိုးချစ်စိတ် - သာသနာချစ်စိတ်...
မိမိရဲ့ သားသမီးများကို အမွေအဖြစ်
ပေးသင့်သော..ပေးအပ်သော...
မျိုးချစ်စိတ် - သာသနာချစ်စိတ်...
~~~~~~~~~~~~~~~~~~
သီဟိုဋ္ဌ် ရာဇဝင် ရဲ့ သာသနာပြုမင်း
တစ်ပါးဖြစ်တဲ့..
"ဒုဌဂါမဏိမင်း" ငါးနှစ်သားအရွယ်မှာ
ခမည်းတော်က သံဃာငါးရာပင့်ပြီး
ထမင်းခွံ့ မင်္ဂလာပြုပေးပါတယ်။
ညီတော်တိဿနဲ့အတူ သံဃာတော်
များကို နို့ဃနာဆွမ်း ဆက်ကပ်ပါတယ်။
ပိုတဲ့ဆွမ်းကို...
!!! သင် တို့ဟာမြတ်စွာဘုရား
သာသနာကိုစွန့်ပယ်လျှင် ဝမ်းသို့
ဝင်သောဤဃနာနို့ထမင်းသည် အစာ
မကြေ ဖြစ်ပါစေသတည်း !!!
ဆိုပြီး ကျွေးပါတယ်။ ဒုဌဂါမဏိ နဲ့
ညီတော်တိဿ တို့လည်း အားရဝမ်း
သာ စားကြတယ်။
ဒုဌဂါမဏိမင်း တစ်ဆယ့်နှစ်နှစ်သား
ရောက်ပြန်တော့လည်း သံဃာငါးရာပင့်
ပြီး ဆွမ်းကျွေးပြန်တယ်။ပိုတဲ့ဆွမ်း
ပထမ ပန်းကန်ကို..
!!! ချစ်သားတို့ ငါတို့ဘိုးစဉ်ဘောင် ဆက်
ကိုးကွယ်ခဲ့တဲ့ ဘုရားသာသနာတော်ကို
မျက်ကွယ်ပြုလျှင် ဤအစာသည်အစာ
မ ကြေဖြစ်ပါစေသတည်း !!!
ဟုဆိုပြီး ကျွေးပါတယ်။ ဒီအခါမှာ
သားတော်နှစ်ပါးလည်း အားရဝမ်းသာ
စားကြပြန်တယ်။
ဒုတိယပန်းကန်ကိုလည်း..
!!! ညီအကိုနှစ်ယောက် ဘယ်သောအခါ
မှ မသင့်မတင့် မဖြစ်ပါ။ ဖြစ်ခဲ့လျှင် ဤ
အစာသည် အစာမaကြဖြစ်ပါစေသ
တည်း !!! ဟုဆိုပြီး ကျွေးပြန်တယ်။
ဒီအခါမှာလဲ အားရဝမ်းသာ စားလိုက်
ကြပြန်ပါတယ်။
တတိယပန်းကန်ကို ထပ်ပေးပြီး..
!!! သာသနာပျက် မိစ္ဆာဒိဌိကုလားများ
နဲ့ မည်သည့်အခါမျှ စစ်မတိုက်ပါ ။စစ်
တိုက်ခဲ့လျှင် အစာမ ကြေဖြစ်ပါစေသ
တည်း !!!
ဟုဆိုပြီး ကျွေးတဲ့ အခါကြတော့ မစား
ကြ တော့ဘဲ အစာတွေကို ဘေးကို
ပက်ထုတ်လိုက်ပါတော့သည်။ပြီးတော့
သားကြီးဒုဌဂါမဏိ ဟာအိပ်ယာပေါ်
ခွေခွေကြီးသွားအိပ်နေပါတော့တယ်။
မယ်တော်ဘုရားက နောက်ကလိုက်ပြီး
!!! ချစ်သား***ဘာဖြစ်လို့ ခွေခွေကြီးအိပ်
နေရသလဲ။ခြေလက်တွေ ဆန့်တန်း
ပြီး လွတ်လွတ်လပ်လပ် အိပ်ပါတော့
လား !!! လို့ ပြောတဲ့အခါ..
!!! မယ်တော်ဘုရား`` ဂင်္ဂါမြစ်တစ်
ဖက်ကမ်းမှာ မိစ္ဆာဒိဌိ ကျေးကုလားတွေ
နေ နေတယ်။ ဂေါဌသမုဒ္ဒရာကြီးက
လည်း အိမ်နားမှာကပ်နေတယ်။ ဒီ
လောက်ကျဉ်းနေတာ သားတော်ဘယ်
လိုလုပ်ပြီး ခြေဆန့်အိပ်လို့ရမှာလဲ !!!
လို့ ပြန်ပြောလိုက်ပါတယ် ။
ဒီစကားကို ခမည်းတော်ကြားတော့
စိတ်ထဲကကြိတ်ပြီး ကျေနပ်နေပါတယ်..
ငယ်ငယ်ကတည်းက အမျိုးကိုချစ်တဲ့
စိတ် သာသနာကိုချစ်တဲ့စိတ် ရိုက်သွင်း
ပေးလိုက်တဲ့ ဒုဌဂါမဏိ ရဲ့ ဖခင် ၏
လုပ် ရပ်က အတုယူစရာ ကောင်းလှ
ပါတယ် ။
Copy : Mahar Htate Tin Gyi
No comments:
Post a Comment