Wednesday, 9 April 2014



                                                 ဗုဒ္ဓကျေးဇူးကျောင်း
                           နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမေးခွန်းလွှာ
                                          ယဉ်ကျေးမှု ကျင့်ဝတ်ဘာသာ.
                            ခွင့်ပြုချိန်- နံက် (၈)နာရီမှ (၁၀)နာရီထိ ။            (၅.၄.၂၀၁၄)  စနေနေ့

 ၁။ ဗောဓိဆု(၃)မျိုးကိုဖော်ပြ၍ ၊ သဒ္ဓါဓိက ဘုရားအလောင်း၊ အဂ္ဂသာဝကအလောင်း၊ မဟာသာဝကအလောင်းတော်တို့၏ ပါရမီဖြည့်ကျင့်ရာကာလတို့ကိုဖော်ပြပါ ။
၂။  ဂေါတမဘုရားအလောင်းတော်ဖွါးမြင်တော်မူခဲ့သောနေရာ၊ အနတ္တတရားကို ဟောတော်မူခဲ့သောနေရာ၊
 တို့ကိုဖော်ပြ၍၊ ၀ိဇ္ဇာဥာဏ် (၃)ပါးတို့ကိုလည်း ဖော်ပြပါ ။
၃။ ဗောဓိပက္ခိယတရား (၃၇)ပါးကို မှန်ကန်စွာဖော်ပြပါ ။
၎။ (၃၁)ဘုံကိုရေတွက်ပြ၍ ၊ ကာမသုဂတိ(၇)ဘုံကိုလည်း ဖော်ပြခဲ့ပါ။
၅။ သစ္စာတရားလေးပါးကို အကျဉ်းဖော်ပြ၍ ၊ ဒုက္ခသစ္စာသဘောကိုလည်းရေးပြခဲ့ပါ ။
၆။ မဂ္ဂင်(၈)ပါးတွင် သီလမဂ္ဂင်၊သမာဓိမဂ္ဂင် ၊ ပညာမဂ္ဂင် တို့ကို တွဲစပ်ဖော်ပြပါ။
၇။ ခန္ဓာငါးပါးကိုဖော်ပြ၍ ၊ ပဋိစ္စသမုပ္ပါဒ် အနုလောမပါဠိကို မှန်ကန်စွာရေးပြပါ ။
၈။ ဆုတောင်းအမျှဝေလင်္ကာကို မမှားအောင်ရေးပြပါ ။
၉။ ဗုဒ္ဓဘာသာဝင်ဦးရေအများဆုံးရှိသော နိုင်ငံ(၁၀)နိုင်ငံကို ရေးပြပါ ။
၁၀။ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများကိုဖော်ပြ၍ ၊ အရှေ့တောင်အာရှနိုင်ငံများတွင် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သော နိင်ငံများကိုလည်း ရေတွက်ပြပါ ။

                              တစ်ပုစ္ဆာလျှင် (၁၀) မှတ်စီ ။      အောင်မှတ်(၄၀)

No comments:

Post a Comment