“ဘုန်းတော်ကြီး မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်အထဲက တရားတစ်ပုဒ်ကို သတိ
ရမိတယ်။” အခါတစ်ပါးမှာ ကာသိမြင်းထိန်းက ဘုရားရှင်အနား ချဉ်းကပ်ပြီး “အရှင်ဘုရား တပည့်
ဖြစ်တဲ့ ရဟန်းတော်တွေကို ဘယ်လိုများ ဆုံးမပါသလဲ ဘုရား” လို့ မေးလျှောက်ဖူးတယ်။
အဲဒီလို မေးလျှောက်တာကို ခံရတော်မူတဲ့အခါ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက “အသင်က
ရော သင့်ရဲ့မြင်းတွေကို ဘယ်လိုများ ဆုံးမသလဲ” လို့ ပြန်မေးတော် မူပါတယ်။“အရှင်ဘုရား မြင်း
တွေထဲမှာ တချို့မြင်းတွေက ကြာပွတ်သံလေး ပေးလိုက်ရုံနဲ့ ပြေးမယ့် မြင်းမျိုးတွေဆိုရင် ကြာ
ပွတ်သံလေး ပေးလိုက်ပါတယ်။ ကြာပွတ်အရိပ် အယောင်ကိုပြမှ ပြေးမယ့် မြင်းမျိုးတွေဆိုရင် ကြာ
ပွတ်အရိပ်အယောင်လေးကို ပြလိုက်ပါတယ်။ နောက်ဆုံး .. ကြာပွတ်နဲ့ထိမှ ပြေးမယ့် မြင်းဆိုရင်
လည်း ကြာပွတ်နဲ့ထိအောင် ရိုက်လိုက်ရပါတယ်။ ရိုက်တာတောင်မှ သာသာရိုက်လို့ ပြေးမယ့် မြင်း
ဆို သာသာပဲ ရိုက်ပါတယ်။ နာနာရိုက်မှ ပြေးမယ့်မြင်းဆို နာနာရိုက်ပါတယ်။ နောက်ဆုံး ကုန်ကုန်
ပြောရရင် သာသာပဲရိုက်ရိုက်၊ နာနာပဲရိုက်ရိုက် ဘယ်လိုပဲရိုက်ရိုက် ရိုက်လည်းမပြေးမယ့် မြင်းမျိုး
ဆိုရင် သတ်စားလိုက်ပါတယ်” လို့ ဖြေပါတယ်။ “ပြောဆို ဆုံးမလို့ မရတော့ရင် သတ်စားတယ်”
လို့ ပြောလိုက်တာပေါ့။
အဲဒီမှာတင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း တပည့်သား၊ သာဝကတွေကို
သံသရာဝဋ်ဆင်းရဲ ဒုက္ခတွေမှ လွတ်ရာလွတ်ကြောင်း၊ နိဗ္ဗာန်ကို ရောက်ရာရကြောင်း အကျင့်
ကောင်းတွေကို ဟောဖေါ်ညွှန်ပြ ဆိုဆုံးမတဲ့ အခါမှာ ဘယ်လိုဟောပြော ဆုံးမသလဲဆိုရင် အဲဒီ
ကာသိမြင်းထိန်း ပြောတဲ့အတိုင်းပဲ ပြန်ပြီးတော့ဟောပြပါတယ်။
“ကာသိမြင်းထိန်း၊ တို့များရဲ့တပည့်တွေကိုလည်း
အသံပဲ ပေးလိုက်ပါတယ်။ အရိပ်အယောင်ပြရုံနဲ့ လိမ္မာယဉ်ကျေးမယ်ဆိုရင်လည်း အရိပ်အယာင်ပဲ
ပြလိုက်ပါတယ်။ တချို့ပုဂ္ဂိုလ်တွေကြတော့ အသံလေးပေးရုံနဲ့ ကိုယ့်လုပ်စရာ ရှိတာတွေကို လိမ္မာ
ယဉ်ကျေးအောင် လွယ်လင့်တကူ လုပ်သွားကြပါတယ်။ တချို့ပုဂ္ဂိုလ်တွေကြတော့လည်
ယောင်လေးပြရုံနဲ့ပဲ ကိုယ့်သီလ၊ ကိုယ့်သမာဓိ၊ ကိုယ့်ပညာဆိုတဲ့ ကိုယ်ကျင့်တရားတွေကို ကိုယ်
ကိုယ်တိုင်လည်း အဆုံးအမကို လိုက်နာပြီး ကျင့်သွားကြပါတယ်။ တချို့ပုဂ္ဂိုလ်တွေကြတော့ နည်း
နည်းလေးရိုက်မှ သီလ၊ သမာဓိ၊ ပညာ ဖြည့်ကျင့်ကြမယ် ဆိုရင်လည်း နည်းနည်းလေးတော့ ရိုက်
သလိုမျိုး တရားစကားတော်နဲ့ ရိုက်ပေးရပါတယ်။ ရိုက်တာတောင်မှ တချို့က နာနာရိုက်မှ ပြေး
မည့်သဘော၊ ကျင့်မည့်သဘောမျိုး ဆိုရင်လည်း တရားစကားတော်နဲ့ နာနာလေးရိုက်ပြီး (မောဃ
ပုရိသ အလဟဿ အချည်နှီးပုဂ္ဂိုလ်) စသည်အားဖြင့် ပြောဆိုဆုံးမ ပေးရပါတယ်။ တချို့ကျတော့
လည်း အရေပြားစုတ်အောင် အရိုက်ခံရမှ ပြေးမယ်, ကျင့်မယ် ဆိုရင်လည်း အရေပြာစုတ်အောင်
ရိုက်ပေးသလို၊ တရားတော်နဲ့ ဟောပြောဆုံးမရတယ်။ ပြေးဖို့၊ ကျင့်ဖို့ကသာ အရေးကြီးတာပါပဲ။
သီလအကျင့်၊ သမာဓိအကျင့်၊ ပညာအကျင့်တွေကို ကျင့်ကြံဖို့ပဲ အရေးကြီးပါတယ်။
နောက်ဆုံးပြောမရ၊ ဆိုဆုံးမလို့ မရတော့တဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ အရှင်ဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုး၊
အရှင်ဒေ၀ဒတ်အဖွဲ့လို ဟောမရ၊ ပြောမရ၊ ဆိုမရတဲ့ ပုဂ္ဂိုလ်တွေကို မဆုံးမတော့ဘဲ နေလိုက်ခြင်း
ဖြင့် သတ်စားလိုက်တယ်လို့ တင်စားပြီး ပြောလိုက်ပါတယ်။
ဘုန်းတော်ကြီး မြတ်စွာဘုရားက ကာသိမြင်းထိန်းကို ဟောပြောတာက “ မြင်းထိန်းတွေက
မြင်းအမျိုးမျိုးကိုလိမ္မာအေ
တွေကို ဆုံးမတော်မူပါတယ်”။ ဒါက မြင်းထိန်းကာသိကို ဟောတော်မူလို့သာ မြင်းထိန်းသိထားတဲ့
သိနိုင်တဲ့ အသိဉာဏ်နဲ့ သင့်လျော်အောင် ပြန်ပြီး ဟောပြပေးတော်မူတာပါ။
အဲဒီလိုပဲ တရားရမယ့် ပုဂ္ဂိုလ်ကိုကြည့်ပြီး ဘုန်းတော်ကြီး မြတ်စွာဘုရားက သင့်ရာသင့်ရာ၊
နည်းမျိုးစုံဖြင့် ဟောဖေါ်ညွှန်ပြ ဆုံးမတော်မူခဲ့တာပါ။ အဲဒါကို နားလည်ပြီး ကိုယ့်အသိတရားရှိ
သည့် အားလျော်စွာ ကျင့်ကြံအားထုတ်နိုင်ကာ နိဗ္ဗာန်တိုင်ထိ စံဝင်တဲ့ သူတော်ကောင်းတွေ ဖြစ်
ကြပါစေကုန်သတည်း။
No comments:
Post a Comment