ဗွီဒီယို
- မူလစာမျက်နှာ
- သတင်း
- ဓါတ်ပုံ
- ယဉ်ကျေးမှု
- စာပေသုတ
- ဆက်သွယ်ရန်
- href="http://buddhakyaezue.blogspot.com/#">ဗွီဒီယို
Wednesday, 9 April 2014
ဆုပေးပွဲအခမ်းအနား ဖိတ်ကြားလွှာ
ဗုဒ္ဓကျေးဇူးကျောင်းသုံးနှစ်ပြည့်ကျောင်းမွေးနေ့နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ
ဆုပေးပွဲအခမ်းအနား ဖိတ်ကြားလွှာ
ကရင်ပြည်နယ်၊မြ၀တီမြို့၊အမှတ်(၅) စိုက်ပျိုးရေးဇုန်၊ဗုဒ္ဓကျေးဇူးကျောင်းတွင်
နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသော တတိယအကြိမ်မြောက် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲ
ကို၊ ၈.၄.၂၀၁၄ အင်္ဂါနေ့ ဗုဒ္ဓကျေးဇူးကျောင်း သုံးနှစ်ပြည့် မွေးနေ့တွင် ကျောင်းသား ကျောင်းသူကလေးများအား
ဆုပေးပွဲအခမ်းအနား ဆင်ယင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် လူကြီးမိဘ/ကျောင်းသားမိဘများ
ဗုဒ္ဓဘာသာ အသိစိတ်ဓါတ်ဖြင့် ကြွရောက်ချီးမြှင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေ့ရက် - (ဗုဒ္ဓကျေးဇူးကျောင်းမွေးနေ့). ၈.၄.၂၀၁၄ အင်္ဂါနေ့၊
အချိန် - နံက် (၇)နာရီမှ (၁၀) နာရီထိ၊
နေရာ - ဗုဒ္ဓကျေးဇူးကျောင်း ၊ အမှတ်(၅) စိုက်ဇုန်၊မြ၀တီမြို့၊
တိုက်တွန်း = = ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်း ကျောင်းသားကျောင်းသူများအား
ဆုလက်ဆောင်များ ပါဝင်လှူဒါန်းနိုင်ပါသည်။
ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း မှတ်တမ်းသတင်း
ဗုဒ္ဓကျေးဇူးကျောင်း (တတိယအကြိမ်)
နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း
မှတ်တမ်းသတင်း
==================
၂၀၁၄-ခုနှစ်၊ တက်ရောက်ကြသည့် ကျောင်းသားဦးရေ
(၁၃၉)ဦးရှိသည်။
ပထမ
အဆင့်၊ ဒုတိယအဆင့် ၊ တတိယအဆင့် ဟု(၃)ဆင့်သတ်မှတ်ထားသည်။
ပထမအဆင့်ဖြေဆိုသူ (၁၂) ဦး၊ ဒုတိယအဆင့်ဖြေဆိုသူ
(၂၁)ဦး၊ တတိယအဆင့်ဖြေဆိုသူ(၅)ဦး စုစုပေါင်းဖြေဆိုသူဦးရေ
(၃၈)ဦးဖြစ်သည်။
(ဂုဏ်ထူးဆောင်)အထူးဆုရစာရင်း
ဗုဒ္ဓကျေးဇူးကျောင်း နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း
ကျောင်းတက်ရောက်ချိန်မပျက်ကွက်သည့်
(ဂုဏ်ထူးဆောင်)အထူးဆုရစာရင်း
****************************************************
၁။ မဇင်ဇင်မြင့်
၂။ မောင်ကောင်းဇော်ထက်
၃။ မောင်ဝေယံထွန်း
၎။ မစုမြတ်လှိုင်
၅။ မောင်အောင်ဆန်းမင်း
၆။ မထွေးထွေးအောင်
၇။မချစ်နှင်းဝေ
နှစ်စဉ်ဆု ရရှိသူများ
ဗုဒ္ဓကျေးဇူးကျောင်း
နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ (၃)နှစ်ဆက်တိုက်တက်ရောက်ခဲ့ကြသည့်
ကျောင်းသား ကျောင်းသူများ ဆုရစာရင်း
၁။ မခိုင်ခိုင်
၂။ မထွေးထွေး
၃။ မခွါညိုသင်း
၎။ မဥမ္မာသိမ့်
၅။ မဇင်ဇင်မြင့်
၆။ မချစ်နှင်းဝေ
၇။ မောင်ကောင်းဇော်ထက်
၈။ မအင်ကြင်းဝေ
၉။ မကေသီဝင်း
၁၀။ မောင်ထက်နေလင်း
၁၁။ မပူစူးမ`
၁၂။ မောင်ထက်ဝေလင်း
၁၃။ မောင်ဝင်းနိုင်ထွန်း
ဗုဒ္ဓကျေးဇူးကျောင်း
နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမေးခွန်းလွှာ
ယဉ်ကျေးမှု ကျင့်ဝတ်ဘာသာ.
ခွင့်ပြုချိန်- နံက်
(၈)နာရီမှ (၁၀)နာရီထိ ။ ။ (၅.၄.၂၀၁၄)
စနေနေ့
၁။ ဗောဓိဆု(၃)မျိုးကိုဖော်ပြ၍ ၊ သဒ္ဓါဓိက ဘုရားအလောင်း၊
အဂ္ဂသာဝကအလောင်း၊ မဟာသာဝကအလောင်းတော်တို့၏ ပါရမီဖြည့်ကျင့်ရာကာလတို့ကိုဖော်ပြပါ ။
၂။ ဂေါတမဘုရားအလောင်းတော်ဖွါးမြင်တော်မူခဲ့သောနေရာ၊
အနတ္တတရားကို ဟောတော်မူခဲ့သောနေရာ၊
တို့ကိုဖော်ပြ၍၊ ၀ိဇ္ဇာဥာဏ် (၃)ပါးတို့ကိုလည်း ဖော်ပြပါ
။
၃။
ဗောဓိပက္ခိယတရား (၃၇)ပါးကို မှန်ကန်စွာဖော်ပြပါ ။
၎။
(၃၁)ဘုံကိုရေတွက်ပြ၍ ၊ ကာမသုဂတိ(၇)ဘုံကိုလည်း ဖော်ပြခဲ့ပါ။
၅။
သစ္စာတရားလေးပါးကို အကျဉ်းဖော်ပြ၍ ၊ ဒုက္ခသစ္စာသဘောကိုလည်းရေးပြခဲ့ပါ ။
၆။
မဂ္ဂင်(၈)ပါးတွင် သီလမဂ္ဂင်၊သမာဓိမဂ္ဂင် ၊ ပညာမဂ္ဂင် တို့ကို တွဲစပ်ဖော်ပြပါ။
၇။
ခန္ဓာငါးပါးကိုဖော်ပြ၍ ၊ ပဋိစ္စသမုပ္ပါဒ် အနုလောမပါဠိကို မှန်ကန်စွာရေးပြပါ ။
၈။
ဆုတောင်းအမျှဝေလင်္ကာကို မမှားအောင်ရေးပြပါ ။
၉။
ဗုဒ္ဓဘာသာဝင်ဦးရေအများဆုံးရှိသော နိုင်ငံ(၁၀)နိုင်ငံကို ရေးပြပါ ။
၁၀။
ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများကိုဖော်ပြ၍ ၊ အရှေ့တောင်အာရှနိုင်ငံများတွင် ဗုဒ္ဓဘာသာကို
ယုံကြည်ကိုးကွယ်သော နိင်ငံများကိုလည်း ရေတွက်ပြပါ ။
တစ်ပုစ္ဆာလျှင် (၁၀)
မှတ်စီ ။ အောင်မှတ်(၄၀)
Subscribe to:
Posts (Atom)