Sunday, 23 February 2014

" သုံးရက်လ ခုံးမျက်စလေး ဖတ်ဖို့စာ "

အိပ်မောကျနေတဲ့ နှလုံးသားတွေ ကို မနက်ခင်းတိုင်းမှာ နှိုးစက်ပေးတယ်။ မင်္ဂလာရှိတဲ့မြန်မာမလေး။ လာခြင်း ကောင်းသူလေး။ လောကဓံတွေ နဲ့ ထွေးလုံးရစ်ပတ်နေတဲ့ စိတ်အာရုံတွေ ကို မျှော်လင့်ချက်တွေနဲ့ အိပ်မွေ့ချ အနားပေးတယ်။ ဆန္ဒများစွာနဲ့မောနေတဲ့ရင်ခွင်ကို လေပြေနုအေးနဲ့ ခပ်နွေးနွေးလေး ပွေ့ ဖက်နှုတ်ဆက်ပြန်တယ်။ အားလုံးရဲ့ အိပ်မက်ဟာရှင်သန်ခြင်းနဲ့ လွတ်မြောက် ပျော်ရွှင်ခြင်းပဲ။

သည်လိုနဲ့ပဲအများအတွက် မိသား စုကိုပေးဆပ် ရေမြေ့သနင်းတွေရဲ့ ပညတ်အမျိုးမျိုးနဲ့ ဆွဲတပ်တဲ့ပုဒ်မတွေ အကြားမှာ ဆယ်စုနှစ်များ စွာကြား။ နေ့ည အချိန် နာ ရီတွေ ကျော်ဖြတ်။ လတ်လတ်ဆတ်ဆတ် ဖူးပွင့်ဝေ စိမ်း လန်းတဲ့ချစ်ခြင်းမေတ္တာပျိုးပင်တွေကို နှလုံးသားပန်းခင်း ဘဝပန်းခင်းတွေထဲသမုဒယပန်းခင်းတွေထဲ ဂရုဏာ ပန်းခင်း တွေထဲ ရောနှောပျိုးထောင်။ နေမလောင် အမြဲရှင်သန်ခွင့်ရအောင် စောင့်ရှောက် ပေးဦးမတဲ့။ မှီနွဲ့ခိုကိုးရာ မေတ္တာစကား ပါပဲ။

သောကလမ်းတွေပေါ် လျှောက် ခဲ့ရသူတွေအတွက် လွတ်မြောက်ခြင်းကမ္ဘာလေးတစ်ခုဖန်တီးဖို့ ကြိုးစားပေး ရှာတယ်။ ဇွဲလုံ့လအပေါင်းတို့ စံပြုစရာ တည်တံ့စွဲမြဲတဲ့စိတ် ဓာတ်ကောင်းကို အတုယူလိုက်ပါသူတွေကို ညာသံပေး ချီ တက်လာစေတယ်။တစ်ပွင့်ကြွေရင်တောင် တစ်ပွင့်သစ်ဖို့အားအင်ဖြစ်စေတယ်။ အမှောင် တို့ရဲ့အလင်း။ ဗိုလ် ကျတတ်တဲ့ညဥ့်ငှက် တွေ မျက်စိစူးတဲ့အလင်း။ အခုတော့ ကောင်းကင်မှာ အထင်းသားပေါ်ခဲ့ပြီ။ လက်နက်မပါ။ ငြိမ်းချမ်းစွာနဲ့ ယုံကြည် ခြင်း စိတ်ဓာတ်တစ်ခု တည်းနဲ့ ပစ်တဲ့ မြားတွေကို ရင်စီးခံခဲ့တယ်။သစ္စာ တရားကြောင့် သေရာပါမယ့် ပွဲတိုင်းကို ရှောင်လွှဲနိုင်ခဲ့တယ်။ မြန်မာမလေး။ အသင်ဟာ သစ္စာတရားတည်လို့တစ် ကမ္ဘာလုံးမှာ မင်္ဂလာခေါင်းလောင်းမြည် ခဲ့တယ်။

အလှမှာ အယဉ်ဆင့်တာဟာ ဘုန်းကျက်သရေမို့ စေတနာဆိုတာ လည်း ဥာဏ်ပညာပါမှ ပိုထိရောက်တယ်။ ဥာဏ်ပညာဆိုတာလည်း ကျွမ်းကျင်မှုနဲ့ရင့်ကျက်မှုဖြစ်တယ်။ ယုံကြည်ချက် ဆိုတာကိုရှေ့တန်းတင်တာ မှန်ပေမယ့် ယုံကြည်မှုလွန်ရင် အစွန်းရောက်တတ် တယ်။ သက်ကြီးစကားကို သက်ငယ် ကြားတာဟာ ချက်ပြီးသားကို အဆင်သင့် စားရတာနဲ့ သဏ္ဌာန်တူတယ်။ နိမိတ် မကောင်းတဲ့ ကောသလ္လအိပ်မက်ကို ချေပျက်တဲ့ အကောင်းဆုံးယတြာပါပဲ။ ကိုယ့်အနားမှာ ပညာရှိတွေဝန်းရံထား။ အားဖြစ် ဖို့ဆိုတာလည်း အများချစ်ရုံနဲ့မလုံလောက်တာမို့အမှားနည်းအောင် ဝိုင်းဝန်းထောက်မမယ့် ရင့်ကျက်သူ တွေကို ဆောင်ထားသင့်တယ်။

မြန်မာမလေးလိုချင်တဲ့ နေရာဆို တာလည်း ဝေဒနာသည်းသူတွေအတွက် ဆိုတော့အားလုံးရဲ့ လက်ခုပ်သံမိုးထက် သို့တိုင် ဘဝဂ်ညံဦးမှာပ။ မိစ္ဆာတွေ ဆိုတာ မဟုတ် တာတွေနဲ့ ယဉ်ပါးပြီး သား။ စေတနာရှေ့ထား အမှားမဖြစ် အောင်ခွေးဟောင်တိုင်းလည်း ထမကြည့် ပါနဲ့။ လောဘအတ္တ ဘဝင်ရေစီးထဲ မျောနေတဲ့ ဘဝတွေထဲက ကမ်း ကပ်နေ ရစ်ချင်သူမှန်သမျှကို ကြိုဆို။ အပိုအလို အမှန်အမှားဆိုတာလူ့ဘဝမှာ နေသား တကျနဲ့ ရှိနေတယ်။

တစ်ခါတစ်ရံမှာ သဘောတရား တွေဆိုတာလည်း ဘဝအမောစကား တွေကို ဥပေက္ခာပြုတတ်တယ်။ အထင် နဲ့ အမြင်ဆိုတာလည်း လွဲတတ်တယ်။ ဘုရင်နဲ့ ပြည်သူဆို တာလည်း အလှမ်း ဝေးတယ်။ အဝေးက ကြည့်ရင် မပီ ဝိုး တဝါးနဲ့ အနီးကပ်ကြည့်ရင်အမြင် ဆိုးဝါးတတ်တာမို့ ပြည်သူ့အသံ ပြည်သူ့ ဘဝအမှန်ကို မီဒီယာကတစ်ဆင့် ပညာ အားနဲ့ ကြည့်လှည့်ပါ။ မြန်မာ မလေးရဲ့ ခွန်အားအတွက် မီဒီယာ တွေရဲ့အားကလည်း သားလိမ္မာတွေ လိုပါပဲ။ဆိုခဲစေမြဲစေဆိုတဲ့စကား။ အပို ပဲလေ မထူးပါဘူး မဖြစ် ရအောင် မျိုး ချစ်စိတ်ဆိုတဲ့ စကားနေရာမှာ ကမ္ဘာကို အားနာပြီး အမှားမပါရအောင်လည်း ဂရုစိုက်ပေးပါဦး။ ပညာရှိ သတိဖြစ်ခဲ။ သတိမမူ ဂူမမြင်။ ဘုရားတောင် အမှီ ရှိမှ ပွင့်။ အ မှားတစ်ထောင်ဆိုတာ လူဖြစ်ကတည်းက ရှိတယ်။ ခေါင်းဆောင်ကောင်းရင် ပြည့်ဝမ်းဝတယ်။ ခေါင်းဆောင် တွန်း အား သာသနာထွန်း ကား တယ်။ ခေါင်း ဆောင်ဥာဏ်ကြီး ပြည်သူ့ထီး။ သစ် တစ်ပင်ကောင်းရင်ငှက်တစ်သောင်း နားလို့ရတယ်။

အားလုံးအတွက်အသက်။ အား လုံးအတွက်အားမာန်။အားလုံးအတွက် ဘဝကို ပေးဆပ်ခဲ့ပြီးမှတော့ အများ ကောင်းစားဖို့ဆိုတဲ့ စကားမှာ မျိုးချစ် စိတ်ကလေးပေါင်းပေးပါ။ ဗုဒ္ဓသမိုင်းကို မြှင့်ပေးပါ။ နိုင်ငံနယ်နိမိတ် ထိန်းပေးပါ။ မေတ္တာရဲ့ အင်အား။ သစ္စာရဲ့ အင်အားမှာ သတိပညာလေး ကပ်ပေး ပါ။ နေရောင် လရောင်ထက် လင်းတဲ့ အင်အား စိတ်ခွန်အားတွေရဲ့ ဆုံမှတ် ဆိုတာလည်း မြန်မာမလေးရဲ့ အဆုံးအ ဖြတ်ပါပဲ။ သုံးသပ်စရာ ပြဿနာဟူ သမျှမှာ ဆုံးဖြတ်တာ အယူမစောပါနဲ့။ မင်းတို့နှုတ်ဖျား ပြည်သူ့ ဘဝမို့ ဖြောင့် မတ်ခြင်းမှာ နောက်ထပ်ပညာလေး ကပ်ပေးပါ။

နောက်ကျောကို ထိုးမဲ့ဓားတွေ သတိထား။ အားကိုးတဲ့ ပြည်သူများ စကားကို နားဆင်။ အားအင်အပြည့်နဲ့အရင်အတိုင်းပဲ ရှိနေပေးပါ။ ကန္တာရထဲ က အိုအေစစ်၊

တို့ပြည်သူတွေ ဝိုင်းလို့ ချစ်ကြတယ်။ နွေခေါင်ခေါင်မှာ ရွာတဲ့ မိုး။ ပြည်သူအားလုံး ကိုးစားတယ်။ ရိုး ရှင်းတဲ့ စိတ်ထားနဲ့ ဇွဲအင်အားကို ယုံ ကြည်။ မြန်မာမလေးကြောင့် တစ်နေ့ နေ့မှာ တို့ပြည်ကြီး သာယာနေစေမယ်။ အမှောင်ကျနေတဲ့ အားလုံးရဲ့ အနာဂတ် က သုံးရက်လ ခုံးမျက်စကလေးရဲ့ လက်ထဲမှာမို့ တွဲလက်တွေ ညီကြစို့ရဲ့ လို့ရင် တွင်းကိုယ်စီမှာသိုမှီးလှောင်မြုံ ထားတဲ့ သံဓိဋ္ဌာန်ရှိထားကြတယ်။ နှိုင်း မမဲ့ ပုဂ္ဂိုလ်အတွက် ဝိုင်းမထားမယ့် ခွန် အားပြည့်လက်တွေကဇွဲညီညီနဲ့ တွဲဆက် ထား တယ်။နေ လာရင် နှင်းပျောက်တဲ့အထိ အချမ်းခံပြီးစောင့်နေကြတဲ့ လယ်ကွင်း တွေထဲက တောင်သူလယ်သမား၊ဆင်း ရဲသားတွေရဲ့မျှော် လင့်ခြင်းတွေ အတွက် မြန်မာမလေးသာ ခွန်အား။ မတရားမှု ဟူသမျှ ချေဖျက်။ အသက်ရှိသရွေ့ ဆက်ရှိနေမယ့် တွန်းလှန်ခြင်းတွေ။ ဖိနှိပ်ခံရမှုတွေကို အဆုံးသတ်ဖို့ ရုန်း ထွက်လာတဲ့ ဗွက်တော ရွှံ့တောထဲ က ခြေထောက်တွေက မြန်မာမလေးရဲ့ အ နာဂတ်လမ်းမှာ ထက်ကြပ်မကွာ လိုက် နေဦးမယ်။ ဆွေးတစ်သက်သက်နေ့ ရက်တွေကို ကျော်ဖြတ်၊ ထူးမြတ်တဲ့နေ့ ဆိုတာ လည်း ရင်ထဲကဘုရင်နဲ့ အပြင် ဘက်က အရှင်ထပ်တူကျမယ့်နေ့။

လမ်းပြတဲ့ကြယ်ကလေး လင်းနေ သမျှတော့ အမှောင်ကို ချင်းနင်းမဝင် နိုင်သေးဘူး။ ကျန်းမာရေးလည်း ဂရု စိုက်ပါ။ ဘေးဘယာတွေလည်း သတိ ပြုပါ။ ပို့မယ့်ပို့ ကူး တို့ရောက်အောင် ပို့ပေးပါ။ လုပ်ပိုင်ခွင့်ရဖို့တော့ မပူပါနဲ့။ ဘုထိုင် ပြောတတ်တဲ့သူတွေကို ကျော် ဖြတ်ဖို့ အားလုံးကအဆင်သင့် ရှိနေ တယ်။ သိပ်ပြီး အနံ့အရ သာနဲ့ပြည့်စုံ တဲ့ ဟင်းတစ်ခွက်မှာ မစင်တစ်စက် ကျ သလို အဖြစ်မျိုးတော့ မကြုံချင်။ မြတ်နိုးခုံမင်ချစ် စိတ်ဝင်လို့ စိုးရိမ်စိတ် ပိုမိတဲ့အကြောင်း သည်စာလေး ရေး ချင်ခဲ့ တယ်။ ကောင်း တာကို တော်တာ ပေါင်းလို့ မြန်မာပြည်သားတို့ကို အား သစ်လောင်းဖို့ ဦးဆောင်ပါ။ ဘေး စကားထက် သွေးတိုင်းရင်းသားတို့ အတွက် ဖြစ်ပါစေ။

မိကျောင်းမင်း ရေကင်းပြတယ်ပဲ ဆိုဆို။ နွားရှေ့ ထွန်ကျူးတယ်ပဲ ပြော ပြော။ အကောင်းအဆိုးတွေရောနှော ထားတဲ့ ပုထုဇဉ်ဘဝမှာ ဥာဏ်သတိ အဖန်ဖန်ရှိကာမှ တန် ကာကျမှာမို့ မှန် ရာကို သစ္စာဆိုရရင်ဖြင့် သုံးရက်လ ခုံးမျက်စလေးရဲ့အလင်းအောက်မှာ တို့ တစ်တွေ သာယာချင်လှတယ်။ ချစ်လို့ ပြောတဲ့ သတိပေးစကား။ ချစ် လို့ ပြောတဲ့ မေတ္တာစကား။

     လေဒီဒိုင်းမွန်း

(Popular Myanmar News Journal)

No comments:

Post a Comment